ပိုစတာထဲက ကြက်ကြော်ပုံကို စားဖို့ကြိုးစားနေတဲ့ သနားစဖွယ် ကလေးငယ်

ဖိလစ်ပိုင်နိုင်ငံက အသက်(၃)နှစ်သာရှိသေးတဲ့ ကလေးငယ်လေးဟာ သူ ကြက်ကြော်သွားစားမယ်ဆိုတဲ့နေ့မှာပင် ကြက်ကြော်ဆိုင်က (မနက်ခင်း စောသေးလို့)ပိတ်ထားတဲ့အတွက် အတော်လေးကို အခက်တွေ့ခဲ့ရပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဆိုင်ပိတ်ထားလို့၊ ဆိုင်ဘေးမှာ ကပ်ထားတဲ့ ကြော်ငြာပိုစတာထဲ ကြက်ကြော်ပုံစားဖို့အထိ ကြိုးစားခဲ့ရှာပါတယ်။


ဒီအဖြစ်အပျက်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Malasiqui မြို့မှာ ဖြစ်ခဲ့တာပါ။ ကလေးရဲ့ နာမည်ကတော့ Harvey Quesa ဖြစ်ပြီး သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရတာ အတော်လေး ကြက်ကြော်ကြိုက်ပုံရတဲ့ ကလေးငယ်ပါ။ သူရဲ့ လုပ်ရပ်ကို၊ သူ့ကို ကြက်ကြော်ဆိုင် လိုက်ပို့ခဲ့တဲ့ မိခင်က ဗွီဒီယိုမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

Harvey ဟာ ကြက်ကြော်ပုံလေးရှေ့မှာ ကျကျနန ထိုင်ပြီး အားမလိုအားမရ ကြည့်နေရင်း လက်ကလေးနဲ့ ဖဲ့စားသလိုလုပ်လိုက်၊ ဟိုဘက်က လှည့်ပြီးဖဲ့လိုက်၊ ဒီဘက်က လှည့်ပြီးဖဲ့လိုက်နဲ့ ကလေးဘာဝ အာသာဆန္ဒကို ဟန်မဆောင်ပဲ ထုတ်ဖော်ခဲ့ပါတယ်။ ဒီဗွီဒီယိုလေးဟာ ကြည့်ရှုသူ ထင်မှတ်မထားဘဲ (၁၁)သန်းအထိ ရှိသွားခဲ့ပါတယ်။


အဆိုပါ ကြက်ကြော်ဆိုင်အမည်ကတော့ အာရှမှာသာမက ဥရောပအထိပါ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ဖိလစ်ပိုင်အခြေစိုက် Jollibee’s Fried Chicken ကြက်ကြော်ဆိုင် ဖြစ်ပါတယ်။ ဒီဗွီဒီယိုလေးကို ကြည့်ရှုသူတွေထဲမှာ ဆိုင်မန်နေဂျာလည်း ပါဝင်ခဲ့ပြီး Harvey ကို သနားလို့ ကြက်ကြော်တွေ အခမဲ့ လာရောက် ကျွေးမွေးခဲ့တယ်လို့လည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*