နတ် ဖွက်တာခံခဲ့ရပြီးတော့ (၁၀)ရက်ကြာမှ ရွာပြန်ရောက်လာတာတဲ့ မိန်းကလေးနှစ်ဦး

နတ် ဖွက်တာခံခဲ့ရပြီးတော့ (၁၀)ရက်ကြာမှရွာပြန်ရောက်လာတာတဲ့ မိန်းကလေးနှစ်ဦး

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာမှ အသက် (၁၆) နှစ်အရွယ်ရှိတဲ့ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးတု့ိဟာ ဒီဇင်ဘာလ ၆ ရက် မနက် ၅ နာရီမှာ ကျေးရွာရှိ နေအိမ်သို့

ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်နော်။ဒီဇင်ဘာ ၉ ရက် မနက်မှာတော့ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးရဲ့နေအိမ်ကို ရပ်ရွာလူကြီးတွေကို ခေါ်ပြီးတော့ အလှူတွေ လုပ်ပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်နော်။

လုံတောက်ကျေးရွာခံတစ်ဦးဖြစ်သော ကိုဘဆွေကတော့ သူတို့ ဗေဒင်ဆရာတွေကို အကူညီတောင်းပြီး အိမ်မှာ ခေါ်ထားလိုက်တယ်။ သူတို့နှစ်ယောက်လည်း ဟိုဘက်ပျောက်တဲ့နေရာပြန်သွားရမယ်လို့ ခဏခဏပြောတယ်။ မိဘတွေလည်း စိုးရိမ်ပြီးတော့

ဗေဒင်ဆရာတွေကို ခေါ်ထားလိုက်တာ လို့ ပြောခဲတာပါ။လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ဟာ အိမ်ပြန်ရောက်တာနဲ့ နတ်တွေ ခေါ်သွားတဲ့နေရာကို ပြန်သွားရမယ်လို့ မကြာခဏ ပြောဆိုနေကြပြီးတော့ ၎င်းတို့ ၂ ဦးကို နတ်တွေ

ဖွက်လိုက်တာ ဖြစ်တယ်လို့ ရွာခံတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်း ၅ နာရီအချိန်မှာ လွေးလဲ့လဲ့ဦးမှာ ပျောက်ဆုံးသွားခဲ့ပြီးနောက်မှာ နိုဝင်ဘာလ ၂၇ ရက် ည ၉ နာရီမှာ လွေးယဉ်ယဉ်ထွေးက

ထပ်မံ ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။ကျေးရွာအတွင်းမှာ အခုလို လူပျောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရွာခံတွေက ပြောစကားအရ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*