သင့်ကို ဆွဲစားဖို့ သက်သက်သာလာတွဲနေ့တဲ့ ဘဲတွေရဲ့ လက္ခဏာ (၅)ချက်…

သင့်ကို ဆွဲစားဖို့ သက်သက်သာလာတွဲနေ့တဲ့ ဘဲတွေရဲ့ လက္ခဏာ (၅)ချက်

ခုခေတ်မှာ တစ်ချို့သော ယောကျ်ားလေး တွေဟာ မိန်းကလေးတွေကို တဏှာစိတ် သက်သက်နဲ့ သာ တွဲတတ်ကြ ပါတယ် ။ ဒီလို ယောကျ်ားလေးတွေဟာ တကယ်ကို ယုတ်ညံံ့ပြီး အောက်တန်းကျ သူတွေ ဖြစ်ပါတယ် ။

ဒီလို လူမျိုးတွေကို ပတ်သက် မိနေတဲ့ မိန်းကလေးတွေ အနေနဲ့ အမြန်ဆုံး နောက်လှည့် သင့်ပါ တယ်။ သူတို့ရဲ့ အကျင့် စရိုက် တွေကို ဖော်ပြပေး လိုက်ပါ တယ် နော် ။

(1) သူဆက်သွယ်တဲ့ပုံစံ

သင့်ကို တဏှာစိတ် သက်သက်ကြောင့် တွဲနေတဲ့ သူဟာ သင့်ကို ဆက်သွယ်တဲ့ အခါမှ တဏှာစိတ်နဲ့ ဘဲ ဆက်သွယ် မှာပါ။ ကျန်တဲ့ အချိန်တွေကျ ရင် မအားဘူး တို့၊ တစ်ခုခု အမြဲအကြောင်းပြပြီး သင့်ကို သိပ်ဂရုစိုက်မှ မဟုတ် ပါဘူး။

ဒါပေမယ့် သင်နဲ့ အတူတူ အိပ်ချင်တဲ့ အချိန်ကျရင် တော့ လေသံချိုတွေနဲ့ အချိုးတစ် မျိုးပြောင်း သွားတတ်တဲ့ သူမျိုးဖြစ် ပါ တယ်။ ဒီလို လူမျိုးနဲ့ ပတ်သက်မိ နေရင်တော့ အမြန်ဆုံး ကျောခိုင်း လိုက်တာ အကောင်းဆုံ းပါ ။

(2) ချစ်လည်း မချစ်ဘူး ဖြတ်လည်း မဖြတ်ဘူး.. ယူမယ် ပြောတယ်.. ဘယ်တော့ မှန်းလဲ မသိဘူး

သင့်ကို တဏှာစိတ် သက်သက်နဲ့ တွဲတဲ့ သူဟာ သင့်ကို ချစ်တာတွေ၊ ကြင်နာတာတွေ၊ ဂရုစိုက်တာတွေ သိပ်လုပ်မှာ မဟုတ် ပါဘူး။ သင့်စိတ်ထဲမှာ သူရဲ့ အချစ်နဲ့ ပတ်သက်ပြီး အမြဲတမ်း မသေချာမ ရေရာ ဖြစ်နေ ရမှာပါ။

သင့်ကို သိပ်ချစ် ပုံလည်း မရဘူး ဒါပေမယ့် လည်း သင့်ကို ဖြတ်မှာ မဟုတ် ပါဘူး။ အကြောင်းကတော့ သူလိုအပ်တဲ့ အချိန်တိုင်း သင့်ကို ခေါ်ချင်လို့ ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ ပုံစံမျိုးပါပဲ … ။

(3) သူနဲ့တွေ့တိုင်း အိပ်ရတယ်

သင့်ချစ်သူနဲ့ သင်နဲ့ တွေ့တိုင်း လိင်ကိစ္စပဲ လုပ်နေ ရတယ်။ ကြာလာတော့ သင့်တာဝန်က သူနဲ့ အိပ်ပေးရုံသက်သက်ပဲ ဖြစ်လာတော့ တယ်၊

သူနဲ့တွေ့တိုင် းသင့်ကိုသင် မသတီ သလိုလို၊ ကိုယ့်ကိုယ်ကို စိတ်ပျက်သလို ခံစား လာရ တယ်။ ဒါဆိုရင်တော့ ကြာလာရင် သင်ဟာ စိတ်ကျရောဂါ တောင် ရသွားနိုင် တာကြောင့် သင့်ကို လိင်ကိစ္ စသက်သက် အသုံးချရုံ တွဲတဲ့ သူမျိုးနဲ့ ဆက်မပတ်သက် သင့်တော့ ပါဘူး … ။

(4) ပျော်ရွှင်ချိန်မရှိသလောက်နည်းတယ်

ချစ်သူတွေ သဘာဝ လျှောက်လည်တာတွေ၊ မုန့်လျှောက် စားတာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြတာ မျိုးတွေလည်း ရှိမှာ မဟုတ်ပါဘူး။

သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဖြူစင်တဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာ မဟုတ်ပါဘူး။ သူ့ရဲ့ လိုတစ်မျိုးမလို တစ်မျိုး ဆက်ဆံ ပုံကြောင့် အမြဲတမ်း စိတ်ဆင်းရဲ နေရ မှာပါ။ သင်ဟာ ဒီလိုလူမျိုးနဲ့ ဆက်ပြီး ပပတ်သက် သင့်တော့ပါဘူး … ။

(5) သင့်ခံစားချက်ကို ဘယ်တော့မှနားမထောင်ပေးဘူး

သင့်ချစ်သူကို သင်ခံစား ရတဲ့ အထီးကျန်မှုတွေ၊ သင့်ရဲ့ပြသနာတွေ၊ သင်ကြုံတွေ့နေရတဲ့ အရာတွေကိုပြောရင် သူနားထောင် ပေးချင်မှာ မဟုတ် ပါဘူး။

သင်တို့ နှစ်ယောက်ကြားမှာ အနာဂတ်အတွက် တိုင်ပင်တာတွေ၊ ရင်ဖွင့်တိုင်ပင်တာတွေ ရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သင့်ကို လိင်ကိစ္ စသက်သက်တွဲတာကြောင့် သင့်ပြသနာ တွေကို ဝေမျှ ခံစား မပေးချင် လို့ပါပဲ … ။

Be the first to comment

Leave a Reply

Your email address will not be published.


*