ရန်ကုန်သားတွေ သည်းခြေကြိုက်လွန်းတဲ့ စကားတခွန်း (ဒီလို အချိန်မှာ သေချာပေါက် ကြိုက်မှာပါ)v

ရန်ကုန်သားတွေ သည်းခြေကြိုက်လွန်းတဲ့ စကားတခွန်း (ဒီလို အချိန်မှာ သေချာပေါက် ကြိုက်မှာပါ)

ပြောမယ့်သာပြောရတယ် ရန်ကုန်ဆိုတာ အနွေးထည် သိပ်မလိုတဲ့မြို့ (လိုကိုမလိုတာ)

စဉ်းစားကြည့်ကြ ဆောင်းတွင်းဆိုတာ အေးရင်လည်းခဏပဲ ပြီးရင်ပြန်ပူတာ အိမ်တိုင်း အဲယားကွန်းဖွင့်ထားရတာ မိုးတွင်းလည်းကြည့် သူ့ဟာသူမိုးရွာတာက ရွာတာပဲ ပူတာကပူတာပဲ အဲဒါကြောင့် ရန်ကုန်မှာအနွေးထည်က မလိုအပ်တဲ့ အရာထဲမှာ ပါတယ်..

ါပေမယ့် ခက်တာက မြို့သူမြို့သားတွေက အနွေးထည်သိပ်ဝတ်ချင်တယ် ကိုရီးယားကားတွေထဲမှာလို သိုးမွှေးကုတ်ကြီးတွေ လောင်းကုတ်အရှည်ကြီးတွေဝတ် မာဖလာတွေ လည်ပင်းစီး အဲလိုရှိုးထုတ်ချင်ကြတာ… ပိုခက်နေတာက ဝတ်ပြီးသွားရမယ့်နေရာမရှိတာ ကိုယ့်ကားနဲ့ကိုယ်မောင်း ဖက်ရှင်ကျကျလေးဝတ်လို့ရပေမယ့် ကားရပ်ပြီး ရှိုးပြရမယ့်နေရာမရှိတာ သိတဲ့အတိုင်း

ရန်ကုန်မှာက အဲကွန်းကို အေးစိမ့်နေအောင် လွှတ်ထားပြီး အလုပ်လုပ်ရတဲ့ နေရာတွေ ရုံးခန်းတွေ ရှိတယ် ဓါတ်လှေကားနဲ့တက်သွားရုံပဲ (လူသိပ်မရှပ်ဘူး) ဒီတော့ ရှိုးထုတ်ရတာ မနှိပ်ဘူး… လူများများမြင်ရမယ့် public နေရာတွေကျပြန်တော့လည်း ကုတ်ကြီးနဲ့ မာဖလာကြီးနဲ့ မျက်မှန်ကြီးနဲ့ သွားချလိုက်ရင် ၅မိနစ်ကြာတဲ့အခါ ခေါင်းပေါ်က ချေွးတွေက မျက်နှာပေါ်စီးကျလာပြီး တကိုယ်လုံးက ချေွးထုတ်ခန်းထဲရောက်သွားသလို အငွေ့တွေထွက်လာသလို ဖိန်းဖိန်းရှိန်းရှိန်းတွေ ဖြစ်လာတာ ချေွးတွေက ပေါင်ကြားထဲထိ စီးကျလာတာ…

ကိုယ်က သရုပ်ပျက်မှာစိုးလို့ ပဲလေးနဲ့တစ်ရှူးလေးနဲ့ချေွးသုတ်လိုက်ရင် လိမ်းထားတဲ့မိတ်ကပ်တွေက ကွက်ကုန်ရော အဲဒီတော့ မနှိပ်သေးပြန်ဘူး ဆိုတော့ကာ ရန်ကုန်သူ ရန်ကုန်သားတွေက အနွေးထည်သိပ်ဝတ်ချင်ကြတယ် မိုးလေးများ နည်းနည်းအေးပြီဆိုရင် ကော်ဖီခွက်လေးကိုင် အနွေးထည်လေးဝတ် ပြတင်းပေါက်နားသွားပြီး “ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း” ဆိုပြီး ပုံတင်ကြတော့တာပဲ။

ဆောင်းတွင်းများ နည်းနည်းအေးပြီဆိုရင် ဝယ်စုထားတဲ့အနွေးထည်တွေ ချဝတ်ပြီး “ဒီဇင်ဘာည” လင်းနစ်သီချင်းနဲ့ ပုံတင်ကြတော့တာပဲ အမယ်.. နွေရာသီ မဝတ်ဘူး မထင်နဲ့နော် ပွဲဈေးတွေမှာ ကုတ်ကြီးနဲ့ဖလန်းနေတာတွေ Hot pot ဆိုင်မှာ အနွေးထည်ကြီးဝတ် မာဖလာပတ်ပြီး “စားကြပါဦး” လို့ ပုံတင်တဲ့လူတွေမှ အများကြီး..

သူတို့ ရှမ်းပြည်တို့ ချင်းပြည်တို့ သွားကြတာ သွားချင်လို့ မဟုတ်ဘူး အနွေးထည်ဝတ်ချင်လို့ကို သွားကြတာ… အာ့ကြောင့် ရန်ကုန်ကလူတွေ အနွေးထည်ဝတ်တာမြင်ရင် “လှလိုက်တာ” လို့ပြောပေးကြ အနွေးထည်ဝတ်ပြီးပုံတင်ရင် “အရမ်းလှတယ်နော်” “အရမ်းမိုက်တယ်”လို့ ကွမ်းမန့်ပေးကြ… ဒီက အရမ်းဝတ်ချင်နေတာ…..

Min Yel Kyaw Swar,

Be the first to comment

Leave a Reply

Your email address will not be published.


*