လူ ကိုမြိုနေ တဲ့ တောကြီးမြွေကြီး ကို ဖမ်းဆီး နေတဲ့(ရုပ်/သံ)

တောကြီးမြွေ ဟောက် သည် မြွေ ဟောက်များ အားလုံးတွင်သာမက အဆိပ်ရှိမြွေတို့ အားလုံးတွင် အရှည်ဆုံးမြွေများ ဖြစ်ကြ၏ ။ ၁၈. ၅ ပေ – ၁၈ . ၈ ပေခန့်အထိရှိနိုင်ကြောင်းသိရသည် ။

သဘာဝသားကောင်များတွင် ကြွက်များ ၊ နို့တိုက်သတ္တဝါငယ်များ ၊ တွားတွားသတ္တဝါ ငယ် များနှင့် တစ်ခြားမြွေ များပင် ပါဝင် သဖြင့် မြွေဘုရင်ဟု ခေါ်ဟန်တူသည် ။

၎င်းသည် တစ်စုံ တစ်ရာသောလူ / တိရိစ္ဆန် ကြောင့် စိတ်အနှောက် အယှက် ဖြစ်ပြီးထိတ်လန့်၍သော်လည်းကောင်း ၊ မိမိ၏ အသက်အန္တာရယ် ရှိသည် ယူဆပြီး ကာကွယ်သောအားဖြင့်လည်းကောင်း ၊ မိမိ နေထိုင်ရာ အသိုက်အမြုံ သို့ ဝင်လာသော လူ /တိရိစ္ဆန်တို့ကို လည်းကောင်း ရန်မူတိုက်ခိုက် တတ်သည် ။

ခန္ဓာကိုယ် ၏ သုံးပုံတစ်ပုံ အလျှားခန့်အထိပင် ပါးပြင်းထောင်နိုင်ကြပြီး အလွန်အဆိပ်ပြင်းသောမြွေကြီးဖြစ်သည် ။အိန္ဒိယ နှင့် အရှေ့တောင် အာရှ သစ်တောကြီးများတွင် တွေ့နိုင်သည် ။

မြန်မာနိုင်ငံ ကျေးလက်နေ ပြည်သူများ ၊ တောမုဆိုးများ တို့သည်လည်း တောကြီးမြွေဟောက်တို့ကို အကြိမ်များစွာတွေ့ဖူးကြောင်းသိရသည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*