
လူ့ဘဝမှာ စားဝတ်နေရေးအတွက် အသက်ရှင်လှုပ်ရှားရုန်းကန်နေရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကံအကျိုးပေးကောင်းခဲ့လို့ မပူမပင်မကြောင့်မကျ ပြည့်ပြည့်စုံစုံ နေနိုင်သူတွေရှိသလို စားဝတ်နေရေးအတွက် ကိုယ်တိုင်ထွက်ရှာမှ ထမင်းစားရတဲ့ ဘဝသမားတွေလည်း ကမ္ဘာတစ်ဝှမ်းမှာ ရှိကြပါတယ်။
ဒီဓာတ်ပုံထဲက သုံးဘီဆိုင်ကယ်မောင်းသူတစ်ဦးရဲ့ အဖြစ်ကတော့ မြင်ရတာနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။
ဖိလစ်ပိုင်နိုင်ငံ South Cotabato မှာနေထိုင်တဲ့ သုံးဘီးဆိုင်ကယ်မောင်းသူကတော့ မိသားစုအတွက် ပင်ပင်ပန်းပန်းငွေရှာထွက်နေရတဲ့ ဖခင်တစ်ဦးပါ။
သူ့ကို လူတစ်ဦးက သတိထားမိတာကတော့ သူဟာ သုံးဘီးဆိုင်ကယ်လေးမောင်းနေချိန်မှာ ကလေးဖြစ်သူကို သူ့ရဲ့ဘေးမှာ စောင်လေးထဲ ပုခတ်လုပ်ပြီးထည့်သိပ်ထားရတာပါ။
ဒီမြင်ကွင်းကို မြင်ခဲ့ရတဲ့ သူက အံသြတကြီးဖြစ်လို့ ဓာတ်ပုံရိုက်ယူခဲ့ပြီး လှုမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ရာ ထိုဖခင်နဲ့ကလေးရဲ့ ဘဝအတွက် စိတ်မကောင်းဖြစ်ကြပါတယ်။
မိန်းမဖြစ်သူက သူတို့သားအဖကို ထားပြီးထွက်သွားခဲ့ရာ ဒီနေ့ထိတိုင် ပြန်မလာခဲ့လို့ သူတစ်ယောက်ပဲ ကလေးကို အဖေလိုရော အမေလိုပါစောင့်ရှောက်နေရပါတယ်။အခုလို သူဘယ်သွားသွား ကလေးကို လွယ်အိတ်လေးလိုထားပြီး ချော့လိုက်မြူလိုက်လုပ်ရလိုက် သုံးဘီးဆိုင်ကယ်မောင်းစားလိုက်နဲ့ ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတဲ့ ဘဝသမားဖခင်တစ်ယောက်ရဲ့ အဖြစ်ကို မြင်သူတိုင်းကတော့ စိတ်ထိခိုက်ရတယ်လို့ ဆိုပါတယ်။
သူတို့သားအဖကတော့ လူမှုကွန်ရက်မှာ ချီးကျုးခံရပြီး ဆယ်လီဖြစ်နေပါပြီ။
ကိုယ့်သားသမီးစွန့်ပစ်တဲ့ မိဘနဲ့စာရင် ဒီလိုအဖေမျိုးက တကယ်ကို ချီးကျုးစရာပါပဲ။
Leave a Reply