
ဒီပုံလေးကို သမီးဖြစ်သူကတင်ခဲ့တာဖြစ်ပြီး ပုံရဲ့နောက်ကွယ်ကအကြောင်းရင်းကြောင့် အင်တာနက်အသုံးပြုသူတွေ စိတ်ထိခိုက်ခံစားရတာမျိုး ရှိနေခဲ့ပါတယ်။
Mackenna Newmanအမည်ရ အသက်၁ရနှစ်အရွယ်ရှိ ဆယ်ကျော်သက်ကောင်မလေးဟာ ဒီပုံလေးကို Twitterမှာတင်ခံတာဖြစ်ပြီး ပုံထဲမှာဆိုရင်တော့ အခန်းထဲမှာရှိတဲ့သူမရဲ့မိခင်ကို အခန်းအပြင်မှာ ခုံတစ်လုံးနဲ့အတူစောင့်ကြည့်နေတဲ့ ဖခင်ဖြစ်သူကိုတွေ့ရမှာဖြစ်ပါတယ်။
Mackennaရဲ့မိခင်ဟာ ကင်ဆာရောဂါကုသတဲ့နေရာမှာ ဓာတ်ရောင်ခြည်ကုသမှုကို ခံယူထားရတာကြောင့် လူတစ်ဦးတစ်ယောက်နဲ့မှ တွေ့ခွင့်မရဘဲ အခန်းထဲမှာတစ်ယောက်တည်းနေနေရတာကြောင့် ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ အထီးကျန်နေမှာစိုးတာကြောင့် တံခါးဝနားမှာ ဒီလိုအနီးဆုံးနေရာကနေ အဖော်ပြုပေးနေတာဖြစ်ပါတယ်။
Mackennaဟာ သူမရဲ့ဖခင်အကြောင်း အဆိုပါအတိုင်းရေးတင်ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေဟာ ရင်ထဲဝမ်းနည်းကြည်နူးစွာနဲ့ ဓာတ်ပုံကို ဆက်လက်မျှဝေခဲ့ကြပါတယ်။
Leave a Reply