မျက်နှာအကာ (Face shield) ရဲ့ ဆိုးကျိုးကောင်းကျိုး သိကောင်းစရာများ

အခုတလော Face shield များကို လူထု အတွင်းယခင်ကထက် အသုံးပြုမှု ပိုများပြားလာကြောင်း သတိပြုမိသည်။ Face shield ၏ ကောင်းကျိုး ဆိုးကျိုး များကို လက်လှမ်းမီ သလောက် တင်ပြလိုက် ပါသည်။

Face shield ၏ ကောင်းကျိုးမှာ- (Face shield တစ်မျိုးတည်း သုံးသည့် အခြေအနေ တွင်) (၁) ဗိုင်းရပ်စ် ကဲ့သို့ ရောဂါပိုးပါသော အမှုန်အစက်က မျက်စိထဲသို့ တိုက်ရိုက် မဝင်နိုင် (မျတ်ချက်။ ။ မျက်စိမှတဆင့် corona virus ဝင်နိုင်ချေ အ တိအကျ မသိသေး)

(၂) ပူအိုက်သော ရာသီတွင် နှာခေါင်းစည်း လော က် မျက်နှာ ပူအိုက်ခြင်း ကိုမဖြစ်စေပါ (၃) တစ်ဦးနှင့် တစ်ဦး စကားပြောရာတွင် အသံပီသမှုရှိပြီး အထူးသဖြင့် စာသင် ကြားရေးတွင်များစွာအထောက် အကူပြုသည်

(၄) မျက်နှာကို မိမိလက်ဖြင့် ရုတ်တရက် ထိတွေ့ခြင်းမှ အကာအကွယ် ပေး၍ ကူးစက်မှုကို လျော့ပါးစေ သည်။ (၅) ပြင်ပ ကမ်ဘာသို့ ပြုံးပြနိုင် သည့်အပြင် သီချင်းသီဆို သူများ အတွက် အထောက် အ ကူပြုနိုင်သည်။

Face shield ၏ ဆိုးကျိုးမှာ – (၁) နှာခေါင်းစည်း မတပ်ဘဲ Face shield တစ်မျိုးတည်း သုံးပါက Face shield ဘေးဘက်နှင့် အောက်ဘက် လွတ်နေသော နေရာများ မှတစ်ဆင့် ဝင်ရောက်လာသော သေးငယ်သော အမှုန်အစက်များ မှတဆင့်

ဗိုင်းရပ်စ် ပိုးများ အသက်ရှု လမ်းကြောင်း တွင်း သို့ ဝင်ရောက် ကူးစက်နိုင်သည်။ (၂) တစ်ခါသုံးပြီးတိုင်း သန့်ရှင်းရေး လုပ်ရန်လိုပြီး စနစ်မကျပါက ရောဂါကူးစက် နိုင်သည် (မှတ်ချက်။ ။ အမေရိကန် ပြည်ထောင်စု ရောဂါကာကွယ် ထိန်းချုပ်

ရေး ဗဟိုဠာန (Centre for Disease Control and Prevention) (CDC) က COVID-19 ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်း များတပ်ဆင်ရန် ထောက်ခံချက် ပေးထားပြီး နှာခေါင်းစည်းမဝတ်ဘဲ Face shield တစ်မျိုးတည်းကို

ဝတ်ဆင်ရန် ထောက်ခံချက် ပေးမထားပါ။ သာ ဓကအနေဖြင့် ဆွတ်ဇာလန်နိုင် ဟိုတယ် တစ်ခုတွင် Face shield တစ်မျိုးတည်းကို တပ်ဆင်သူများတွင် corona virus ကူးစက်မှုရှိ ကြောင်းတွေ့ရှိရသည်။

အကြံပြုချက်မှာ – နှာခေါင်းစည်းကိုသာ စနစ်တကျ အသုံးပြုပါ။ အချိန်နှင့် အခါကိုလိုက် ၍ Face shield တစ်မျိုးတည်း တပ်ပါက တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ အလုံပိတ် ခန်း များကိုရှောင်ပါ။

လက်ဆေး ခြင်းကိုလည်း မမေ့ပါနှင့်။ ကျန်ရော ဂါကာကွယ်ရေး စည်းကမ်း များကိုလည်း တိကျ စွာလိုက်နာပါ။ ရောဂါကူးစက်မှုကို အထူးစိုးရိမ်သေ ာသူများသည် အချိန်အခါ ကာလံဒေသံကိုလိုက်၍ နှာခေါင်းစည်းရောFace shield ကိုပါတပ်ဆင်ကြကြောင်းတွေ့ရှိရပါသည်။ သတိဆိုသည် ပိုသည်မရှိပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*