ဇာတ်မျော ဖြစ်နေတဲ့ ရန်ကုန်ကိုဗစ် ကာကွယ်ရေးနဲ့ ပြတ်ပြတ်သားသား လုပ်ရမယ့်အချိန်

ပည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာပါ။ ရန်ကုန်ရဲ့ Stay Home အနေအထားကို ပြန်လည်စဉ်းစားသင့်ပါပြီ။

ပီပီပြင်ပြင် Stay Home ရမယ်ဆိုရင်လည်း လုံးဝကို တင်းတင်းကြပ်ကြပ်လုပ်ပါ။ အမိန့်ရဲ့နောက်မှာ ဥပဒေပါ တွဲပါပါမှ လိုက်နာကြမှာပါ။ မဟုတ်လို့ကတော့ Stay Home လည်း ဟုမ်းတာပဲရှိမယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

ရန်ကုန်မှာ Positive လူနာ ဆယ်ဂဏန်းတုန်းက လမ်းပေါ်မှာ လူတွေအကုန်ပျောက်ထွက်သွားတယ်။ ဥပဒေက ကြောက်စရာဖြစ်မနေပေမယ့် လူတွေက COVID ကို ကြောက်ကြတာကိုး။ အခုက လူနာသောင်းဂဏန်းဖြစ်လာပါပြီ။ Stay Home ရတဲ့ ကာလကလည်း ၆လအထက် ရှိလာပါပြီ။ လူတွေက COVID ကို ကြောက်ကြပေမယ့် မကြောက်နိုင်တော့ပါဘူး။ အများစုကတော့ ဟုန်သွားပါပြီ။ ကြောက်တယ်ပြောနေပေမယ့် မကြောက်ကြတော့ပါဘူး။

Stay Home ကာလရှည်လာတာနဲ့အမျှ လူတွေက မွန်းကြပ်လာပါပြီ။ ခရီးသွားမရ၊ ပွဲလမ်းသဘင်မရှိ၊ ပျော်စရာမရှိ၊ ဆိုင်ထိုင်လို့တောင်မရ အနေအထားမှာ အရမ်းမွန်းကြပ်နေကြပြီ။ ဒီတော့ လစ်တာနဲ့ လုပ်ကြတော့တာပဲ။

ပြီးတော့ စီးပွါးရေးတွေရဲ့ အနေအထားပါ။ အစိုးရအနေနဲ့လည်း ရဲရဲတင်းတင်း၊ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ ခက်နေတာ စီးပွါးရေးအနေအထားတွေကြောင့်ပါပဲ။ ပိတ်ထားမှုတွေ ရေရှည်ကြာလာတဲ့အခါ တောင့်ခံဖို့ခက်ပါတယ်။

ပြင်းပြင်းထန်ထန် ပိတ်ဆို့လိုက်ရင် လျော့ရဲရဲပိတ်ဆို့မှုတွေအောက်မှာ ယိုင်နဲ့နဲ့တောင့်ခံနေတဲ့ စီးပွါးရေးတွေ ပြိုလဲကုန်မယ်။ အခုလို လျော့ရဲရဲပိတ်ဆို့မှုမှာလည်း ကူးစက်မှုတွေ လျော့ကျမသွားနိုင်ဘဲ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေကြပြီ။ မြွေမသေ တုတ်မကျိုး အမိန့်တွေနဲ့ လျော့ရဲရဲ Run လာတာ အချိန်တစ်ခု ကြာပါပြီ။ မအောင်မြင်ဘူး၊ Fail ဖြစ်နေတယ်ဆိုတာ ကူးစက်မှုနှုန်းတွေက သက်သေပါပဲ။

အခုအချိန်မှာ နှစ်လမ်းပဲ ရှိတယ်လို့ မြင်ပါတယ်။ ဒီအတိုင်း လျော့တိလျော့ရဲ့ စည်းကမ်းတွေအောက်မှာ အသက်ငင်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို လစ်လျူရှုပြီး ကျန်းမာရေးသီးသန့်ဦးတည်ပြီး ရန်ကုန်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့မလား။ Stay Home ကို ဖြည်ချပြီး New Normal အနေအထားနဲ့ ရှေ့ဆက်ဖို့ ရွေးချယ်မလား။

နှစ်လမ်းလုံးမှာ Risk တွေချည်းပါပဲ။ ဒါပေမယ့် COVID အခြေအနေက ဂိုးလ်ရုပ်စ်ကော်ဖီမဟုတ်ပါဘူး။ နှစ်ခုလုံးအဆင်ပြေတာ မရှိနိုင်ပါဘူး။ အထိနာမှာက နာမှာပါပဲ။ လှေနံနှစ်ဖက်နင်းပြီး အလယ်မှာ ကားယားကြီး အခက်တွေ့နေတဲ့ အခုအခြေအနေကနေ တစ်ဖက်ဖက်ကို ခိုင်ခိုင်မာမာ နင်းချသင့်ပါပြီ။

အခုက စည်းကမ်းပျက်သူတွေက ပျက်ချင်သလိုတွေပျက်၊ စည်းကမ်းလိုက်နာသူတွေက စောင်ပေါတွေကို ဖြစ်လို့။ ပိတ်ထားလားဆိုတော့လည်း မပိတ်ဘူး။ ဖွင့်ထားလားဆိုတော့လည်း မဖွင့်ဘူး။ ပိတ်သလိုလို ဖွင့်သလိုလို၊ အလုပ်တွေက လုပ်ရမလိုလို မလုပ်ရမလိုလို၊ လိုလို လိုလိုနဲ့ အကုန်တိုင်ပတ်နေပြီရယ်။

ပြောသာ ပြောရတယ်။ ခပ်လန့်လန့်ပါ။ ဘယ်သူကိုမှ ဆရာမစားရဲပါဘူး။ ဒါပေမယ့် အဆင်မပြေတာကို အဆင်မပြေကြဘူးဆိုတာလေးတော့ ပြောချင်တာပါ။ တင်းတင်းကြပ်ကြပ် Stay Home ရမယ်ဆိုရင်လည်း လိုက်နာမှာဖြစ်သလို New Normal အနေအထားနဲ့ နေကြရမယ်ဆိုရင်လည်း လိုက်နာမယ့် ပြည်သူပါ။ အခုက ဘာလိုက်နာရမယ် မသိလို့ပါ။

ကြိုပြောထားပါမယ်… ဒီစာကို ရေးလို့ အနီဖြစ်ပြီး အစိုးရကို ဝေဖန်ရလားဆိုတဲ့ အနီစုံလုံးကန်းတွေကိုလည်း ပက်ပက်စက်စက် ပြန်တုတ်ပါမယ်။ နင်တို့အမေအစိုးရမို့လေဆိုတဲ့ စောင်ဖွတ်ကျားတွေကိုလည်း လူသိန်းချီသေခဲ့ရတဲ့ နာဂစ်ကို အမှတ်ရစေဖို့အလို့ငှါ နာဂစ်တိုက်သလို ထောင်းလမောင်းကြေအောင် ပြန်ကလော်ပါမယ်။

တစ်နှစ်လုံးခရီးမသွားရတဲ့ ဒေါသက မီးစာအပြည့်ပဲ။
ရှင်းတယ်နော်..

အိပန္ဆယ္လို

Be the first to comment

Leave a Reply

Your email address will not be published.


*