မတော်တဆ  Q ဝင်ရလျှင် ကြိုတင်ပြင်ဆင် ထားသင့်သည့်အရာများ

မတော်တစ်ဆ Q ဝင်ရလျှင် မ၀င်မီ ကြိုတင်ပြင်ဆင် ထားသင့်သည်များ

 

တကယ်ကြုံလာရင် အဆင်ပြေအောင်လို့

အကြမ်းဖျဉ်း အနေနဲ့ ပေါ့ပေါးပါးပါး အ၀တ် ၇ စုံခန့်  မျက်နှာသုတ်ပဝါ ရေချိုးတဘက်။ စောင်ပါး တစ်ထည်။ အ၀တ်အစားဟောင်း တစ်ထည် (ဟိုသုတ်ဒီသုတ် လုပ်ဖို့)။အင်္ကျီချိတ် ၅ချောင်၊ လက်ဆေးဆပ်ပြာ အ၀တ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် သွားတိုက်ဆေး၊ သွားတိုက်တံ။ ဖိနပ် အကြမ်းစီး၊ သုံးမိနစ်အိုး တစ်လုံ၊ Hair Dryer၊ မီးအိမ် ဓာတ် မီး၊ ခြင်ရိုက်ဘက်တံ၊ ပန်းကန် ၁ လုံး၊ ရေခွက် ၂ ခွက် (ချိုးဖို့၊ သောက်ဖို့)၊ ဇွန်း၂ချောင်း Tissue ၊Wet tissue၊ သွားကြားထိုးတံ၊ နားကလော်တံ၊ လက်သည်းညှပ်၊ ကပ်ကြေး၊ ဓား။ မုန့်အခြောက် တစ်ဗူး၊ အသင့်သောက် အအေး တစ်ကဒ်( Milo or Ovaltine)၊ Lipton tea၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ကော်ဖီမစ် ၅ထုပ် ဖတ်ဖို့ စာအုပ် နည်းနည်း။

ရေးချင်ရာ ရေးဖို့ စာအုပ်အလွတ် တစ်အုပ် ဘောပင်နှစ်ချောင်း ဝါသနာပါတဲ့ စိတ်အပန်း ဖြေဖို့ရာပစ္စည်းလေးတွေ ( ပန်းချီဆွဲဖို့၊ ပန်းထိုးဖို့၊ စာရွက်ခေါက်ဖို့၊ ဂျုံအ ရုပ်လုပ်ဖို့ စတဲ့ တိုတို ထွာထွာ လေးတွေ)။ တစ်ကိုယ်ရေ ဆေးဝါး ခြင်မကိုက်spray၊ ခြင်မကိုက်လူဆေး ခြင်ဆေးခွေ မယူပါနှင့်၊ အခြားသူများပါ အနှောင့်အယှက် ဖြစ်နိုင် သည်)။ Mask 50 ပါ တစ်ဘူး၊ Handgel 500 ml တစ်ဘူး၊ ခေါင်းဖြီး (ဘီး) မှန်သေးတစ်ချပ်၊ ဖုန်းအားသွင်းကြိုး ။

ကလေးရှိတဲ့ သူတွေကတော့

ကလေး အတွက်ပါ ကြိုတင် စီစဉ်ထားသင့်ပါတယ် ကလေးရဲ့ အီးအိုးကအစ သယ်ရမှာပါနော်။ အတတ်နိုင်ဆုံး မပါမဖြစ် ပစ္စည်းတွေကို စဉ်းစားပြီး စုဆောင်းထားကြပါ။

Computer နဲ့ အလုပ်လုပ် နေရတဲ့ သူတွေ အတွက် ကတော့
Computer၊ Charger၊ Hard Disk (or) mem ory stick၊ Extension ခွေ၊ 2pin(or) 3 pin ပ လပ်ခေါင်း၊ Headphone (or) နားကြပ် Power bank မပါမဖြစ် တစ်ခါ ထဲ မကျန်ခဲ့ရအောင် စုစည်းထားပါ။ Q က အနည်းဆုံး (၂ ) ရက်၊ (၇) ရက်နဲ့ အများဆုံ (၂၁ ) ရက် ဝင်ရမှာ ဆိုတော့ ကိုယ့်မှာ စုံစုံစိစိ ပါ သွားရင် စိတ်မညစ် ရတော့ဘူးပေါ့။ အကယ်၍ Positive ထွက်ခဲ့ရင်တောင် ခွင့်ပြုတဲ့ ပစ္စည်းလေးတွေ ကိုယ်နဲ့အပါ တစ်ခါ ထဲ သယ်သွား လို့ရတယ်လေ ကဲ သင်သွားလိုရာ အဆင်သင့် သွားနိုင်ရန်အတွက် ပြင်ဆင်ထားသင့်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*