
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အလှကို သတ်မှတ်တဲ့နေရာမှာ ပိန်မှလှရမယ်၊ ဝတာမှလှတာ၊ တစ်ချို့ကလဲ အကိတ်၊ ဘူးသီးရှိတ်၊ ဂစ်တာရှိတ်၊ အမျိုးကိုစုံနေတော့တာပါပဲ။ ဘာပဲပြောပြော လူအများစုကနေ ပိန်မှလှတယ်လို့ သတ်မှတ်ထားတဲ့အချိန်မှာ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်နဲ့ အလန်းလွန်နေတဲ့ Plus Size မော်ဒယ်မလေးကတော့ Saowaluk Hirokajung Ping Anawong from Korat ပဲဖြစ်ပါတယ်။
ဝပေမယ့်လည်း လှနိုင်တယ်၊ လန်းနိုင်တယ်ဆိုတာကို သက်သေပြသွားတဲ့ ထိုင်းမော်ဒယ်မလေးဟာ သူမရဲ့ဓာတ်ပုံတွေကို အင်တာနက်မှာတင်ခဲ့ပြီး ဖက်ချင်စရာ လှနေတဲ့သူမရဲ့ပုံတွေဟာ အင်တာနက်ပေါ်မှာ လူကြိုက်များခဲ့ပြီး မျှဝေသူအများအပြားရှိခဲ့ပါတယ်။
ခပ်ဝဝမိန်းကလေးတွေကြားမှာ သူမရဲ့ခန္ဓာကိုယ်ဟာ ဝပေမယ့်လဲ လှနိုင်တယ်ဆိုတာကို ထုတ်ဖော်ပြသခဲ့တဲ့ Saowalukဟာ ခန္ဓာကိုယ်အလှအပကို တိုင်းတာတဲ့နေရာမှာ သတ်မှတ်ချက်မရှိဘူးဆိုတာကို ပြောကြားခဲ့တဲ့ ထိုင်းကမော်ဒယ်မလေးပဲဖြစ်ပါတယ်။
Leave a Reply