လူအများအားကျရလောက်အောင် ကျောင်းသားကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့ တက္ကသိုလ်ဆရာမ

တရုတ်နိုင်ငံ Hunan University မှတက္ကသိုလ်ဆရာမတစ်ဦးဟာ သူမရဲ့ချစ်သူကျောင်းသားလေးကို လူမြင်ကွင်းကြီးမှာပေါ်ပေါ်တင်တင် လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။

ဆရာမဟာ အဖြူ ရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ မျက်နှာဖုံးကိုလည်း တပ်ထားခဲ့ကာ ၊ သူမရဲ့သူငယ်ချင်းတွေကလည်း ဂါဝန်အဖြူ တွေဝတ်ဆင်ထားပြီး ကူညီပေးခဲ့တဲ့အပြင် နောက်ခံသီချင်းတွေနဲ့အသေးစိတ် သူမရဲ့ချစ်သူကျောင်းသားလေးကို လက်ထပ်ခွင့်တောင်းခဲ့တာပါ ။ အဆိုပါတက္ကသိုလ်မှကျောင်းသားအချို့ရဲ့ပြောပြချက်အရ ပါမောက္ခ နဲ့ သူမချစ်သူကျောင်းသားတို့ဟာ ခင်မင်လာခဲ့ကြတာအတော်လေးကိုကြာခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ တရုတ်နိုင်ငံရဲ့အင်တာနက်စာမျက်နှာပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် တက္ကသိုလ်ပါမောက္ခရဲ့အသည်နှလုံးကိုကအောင်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောင်းသားလေးရဲ့အဖြစ်ကို လူအတော်အများက အားကျခဲ့ကြပါတယ် ။

” အဲ့လို့ဆရာမမျိုး ဘယ်မှာသွားရှာရမှာလဲ ” ၊ ” အစ်ကို့ကို အတော်လေးအားကျမိတယ် ” စတဲ့ comment မျိုးတွေသာ ထင်မြင်ချက်ရရှိခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*