ကမ္ဘာ့အလှဆုံး ကာယအလှမယ် (သို့) ရုရှားသူလေးဂျူလီယာဗင်စ်

အမျိုးသမီး တစ်ဦးရဲ့ အလှအပကို မျက်နှာ ကနေ စတင် အကဲခတ်လေ့ရှိပါတယ်။ ဒီလိုဆိုရင် ရုရှားနိုင်ငံက အသက် (၂၂) နှစ် အရွယ်ကောင်မလေး ဂျူလီယာဗင်စ်ကို အချောဆုံးသူလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဂျူလီယာဗင်စ်ရဲ့ မျက်နှာပာာ

 

အရုပ်မလေးလို လှပနေ ပေမယ့် ခန္ဓာကိုယ် အချိုးအစား ကတော့ ပောာ့ခ်ရုပ်ရှင် ဇာတ်ကားတွေထဲ က ပုံစံမျိုး ကြွက်သားတွေနဲ့ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂျူလီယာဗင်စ်ကို ရုရှား မှာ အရုပ်မ မျက်နှာနဲ့ ကြွက်သားတွေ ရှိနေသူ လု့ိ ခေါ်ဆိုကြသူက ခေါ်သလို နတ်သမီးမျက်နှာ နဲ့ လူ့ဘီလူးခန္ဓာကိုယ်ရှိတဲ့သူလို့တင်စားတဲ့သူက တင်စားကြပါတယ်။

ဂျူလီယာဗင်စ်ပာာ ရုရှားမှာ လူသိများ သူဖြစ်ပြီး လူမှုကွန်ရက်ဖြစ်တဲ့ အင်စတာဂရမ်မှာ ပရိသတ် ( ၁ )သန်း ကျော် ရှိနေပါ တယ်။ ဂျူလီယာဗင်စ် ဟာ အလေးမပြိုင်ပွဲမှာ ချန်ပီယံဆုတွေ ရယူ ထားပြီး လှပဖို့ထက် ကြွက်သားတွေ ပိုသန်မာဖို့က အရေးကြီးတယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်က အန်ဂယ်မြို့ မှာမွေးဖွားခဲ့တဲ့ ဂျူလီယာဗင်စ်က ကျွန်မကို အရုပ်မမျက်နှာနဲ့ ကြွက်သားတွေရှိသူ အဖြစ် ခိုင်းနှိုင်းခေါ်ဆိုမှုတွေ ပြုလုပ်တဲ့ အပေါ် ကျေနပ်မိပါတယ်။

 

ကျွန်မရဲ့စိတ်ထဲမှာ ခန္ဓာကိုယ်ကို ကြီးထွားဖို့ကိုပဲ အာရုံစိုက်ထား ပါတယ်။ ကျွန်မဟာ လှပချင်တဲ့ စိတ်ရှိပေမယ့် တစ်ချိန်တည်းမှာပဲ ကြွက်သားတွေအများ ကြီး ရှိစေချင်ပါတယ်။ ကျွန်မပာာ လေ့ကျင့်ရာ မှာ ကီလို (၁၈၀) အထိ မနိုင်ပါတယ်။ ကျွန်မ အနေနဲ့ ဒီထက်ပိုကြီးတဲ့ ကြွက်သားပိုင်ရှင် ဖြစ်လာဖို့ ရှိပါတယ် လို့ ဆိုခဲ့ပါတယ်။

ဂျူလီယာဗင်စ်က သူ့ရဲ့ကြွက်သားတွေ အတွက် မနာလို နေကြတဲ့ အမျိုးသားတွေလည်း ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

ဂျူလီယာဗင်စ်ဟာ ငယ်စဉ်ကတည်း က ချောမော လှပသူ ဖြစ်ပြီး သီချင်းဆိုခြင်း၊ အခြား အနုပညာတွေကို သင်ယူခြင်း စတာတွေကို ပြုလုပ်တတ်ပေမယ့် သူအလုပ်ချင်ဆုံး အရာဖြစ်တဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကို ကြီးထွားလာဖို့ အသက်(၁၅) နှစ်အရွယ်မှ စတင်ကာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ ခြင်းကြောင့်

ဂျူလီယ ဗင်စ်ပာာ ကြီးမားတဲ့ ကြွက်သားတွေကို ပိုင်ဆိုင်လာခဲ့ပ ါတယ်။ ဂျူလီယာဗင်စ်ပာာ အခြား အားကစား တွေကို ဝါသနာ မပါဘဲ ကြွက်သားတွေ ကြီးထွားအောင် အစဉ်အမြဲ ကြိုးစားခဲ့ပါတယ်။ သူမဟာ RSPS အသင်းရဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဂျူလီယာဗင်စ်ပာာ ကြွက်သားတွေ ကြီးထွား လာဖို့ အတွက် အစားအသောက် ကိုလည်း အများကြီး စားသုံးခဲ့ရ ပါတယ်။ ဂျူလီယာဗင်စ်ပာာ လှပဖို့ အလှတွေကို အမြဲတမ်း ပြင်ဆင်နေခဲ့ ပေမယ့် အဝတ်အစားတွေ ဝတ်ဆင်ရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ခန္ဓာကိုယ်ဟာ ကြွက်သားတွေအမြှောင်းမြှောင်းထနေတာကြောင့်

ဂျူလီယာဗင်စ်နဲ့ တော်တဲ့ အဝတ်အစားကို ရှာဖွေရာမှာ မလွယ်ကူ တာကြောင့် ဖြစ်ပါတယ်။ ဂျူလီယာဗင်စ်ဟာ လက်ရှိမှာတော့ fitness မော်ဒယ်အပြင် Gym နည်းပြ အနေနဲ့ပါ ရပ်တည်လျှက်ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*