ယောင်္ကျားလေးများ ဘ၀ ရေတိမ်မနစ်စေဖို့ …(မိန်းကလေးများ မဖတ်ရ )

မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့်သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့် …

ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာယောက်ကျားလေးတွေ ကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။

အဲလိုမျိုး စကားတွေကို ယောက်ကျားလေးတွေရှောင်နိုင်ရအောင်လို့ မျှဝေ ပေးလိုက်ပါတယ်……

၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင်ကောင်မလေးကများပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင်ဘဝ ရေမရှိတဲ့ ချောင်းမှာနှာခေါင်းမနှစ်တော့ မှာပါ။

၂။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ လို့ပြောလာခဲ့ရင်ဘယ်တော့မှ မလိုက်ပါနှင့် သင်ဘဝ သူများတံတွေးခွက်မှာမှောက်ရက်ေ မျှာသွားပါလိမ့်မည်။ လူမြင်ကွင်းတွင် လည်းလွတ်လွတ်လပ်လပ်ပြောဆို၍ ရပါသည်။ သင်ကို လိမ်ညာခေါ်ဆောင်နေသည် ကိုသတိပြုမိပါစေ။

၃။ မောင်ကို တကယ်ချစ်တာပါ၊ အရမ်းလည်းတန်ဖိုးထားပါတယ် လို့ပြောဆိုလာလျှင်တကယ်ချစ်မချစ်ဆိုတာ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်တွေ့ရုံနှင့် သက်သေပြသည်မဟုတ်ပါ။ အချိန်တွေက အချစ်ကို တန်ဖိုးထားမထား ဆိုတာအလိုလိုပေါ်လာပါလိမ့်မည်။ ပါးစပ်က ပြောနေသည်ထက် နှလုံးသားကပြောသည်ကမှပိုလေးနက်ပါလိမ့်မည်။

၄။ ချစ် ကိုတကယ်ချစ်တာဆိုရင် အလိုလိုက်မှာပါနော်ဟု ပတ်ချွှဲနှပ်ချွှဲပြောနေတဲ့ စကားမျိုးကို မယုံကြည်မိပါစေနှင့်။ သင်ကို အပြစ်မကင်းသလိုခံစားရအောင် ပြောတဲ့စကားမျိုးပါ။ အချစ်ဆိုတာ ကိုခုတုံးလုပ်ပြီးမိန်းကလေးတွေ အယုံသွင်းတာ ကို သင်သတိကြီးစွာ ထားကာမှ သင့်ဘဝတန်ကာကျပေလိမ့်ပါမည်။

၅။ ချစ်နဲ့မောင်ရဲ့ ချစ်ခြင်းက ပိုလေးနက်လာမှာပါလို့ သင်ရဲ့စောင့်စည်းထိမ်းသိမ်းလာတဲ့ အချစ်နဲ့ သိက္ခာကို ထင်ယောင်ထင်မှားဖြစ်အောင်ပြောဆု ိပြီး သင်ရဲ့ အချစ်ကမလေးနက်ဘူးထင်လာအောင်ဖျားယောင်းနေခြင်းကိုသင်ရှောင်ကျဉ်နိုင်အောင် ထိန်းသိမ်း နိုင်ပါစေ။

၆။ မောင်ကလဲ သူများတွေလဲ ဒီလိုပဲနေကြတာပဲ လို့ပြောဆိုလာလျှင်သူများကတာနဲ့ သင်ကို ကိုင်ပေါက်လာပြီဆိုလျှင်တော့ အဲလိုအလွယ်တကူခေါင်းညိမ့်တတ်တဲ့ သူများ တွေဆီပဲ သွားနေလိုက်တော့ ၊ငါနဲ့လာမပတ်သတ်နဲ့တော့ ဟု ယောက်ကျားမာန နှင့် ရဲရဲသာ ပြောပလိုက်ပါ။

၇။ ချစ် ဘယ်သူကိုမှ မပြောပါဘူး၊ ချစ်ကိုယုံပါ မောင်နဲ့ချစ် ကလွဲလို့တစ်ခြားဘယ်သူကိုမှ မပြောပါဘူး ဟုပြောလာလျှင် အဲဒီ အချိန်ကာလလေးတစ်ခုအတွက်တော့ ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ချစ်စိတ်မွှန်နေတဲ့ အချိန်မှာမှန်နိုင်ပေမဲ့ ….


အင်း အဓိကပြောချင်တာကတော့ အခုခေတ်ယောက်ကျားလေးတွေကို ယောက်ကျားသိက္ခာနဲ့လူပျိုဘဝကို တန်ဖိုးထားစေ ချင်လို့ပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေလွမ်း မိုးလာတဲ့နောက်မှာ ယောက်ကျားလေးတွေဟာ သိပ်ပြီးမထူးဆန်းတဲ့ကိစ္စလို့ထင်လာမှာ ဆိုးလို့ပါ။

ယောက်ကျားလေး ဘဝဆိုတာ ကျောက်ပျဉ် ပေါ်က ကြက်ဥ ဖြစ်နေလို့ ကိုယ်ကိုယ်တန်ဖိုးထားစေချင်တဲ့ စေတနာနဲ့ပါ။ လူရှေ့သူရှေ့တောင် မရှောင် ယိုသူမရှက်မြင်သူ ကြည်နေတဲ့ အချိန်မှာ သင်ကို ဆိတ်ကွယ်ရာ ခေါ်ဆောင်သွားပြီဆိုရင်တော့ဘုရားသာ တပေတော့လို့သာပြော ချင်ပါတယ်။

အခုစာလေးက အမည်မသိ စာရေးဆရာကြီးတစ်ဦးရဲ့ စာစုလေးကို အတိုချုံပြီးအသိပေးလိုက်တာ ပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးယောက်ကျားလေးတိုင်း ဖတ်ရှှု့ လိုက်နာသင့်ပါတယ်။

by Chit Nyi Lay / Credit:.ပျော်ပြီးရင်ပျော်

Be the first to comment

Leave a Reply

Your email address will not be published.


*