“လမ်းပေါ်မှာသတ္တာလေးတစ်လုံးနဲ့ အကြာကြီး ထိုင်နေလို့ ထွက်မေးကြည့်မှ သိလိုက်ရတဲ့ သနားစရာ ကောင်လေးဘဝ”

အိမ်ရှေ့မှာ သတ္တာလေးတလုံးပေါ်မှာ ထိုင်နေလို့ အချိန်ကြာလာတော့ ဘာဖြစ်လို့လဲ ထွက်မေးကြည့်တာ ကိုယ်တောင်ငိုချင်လာတယ်။ ကလေးဘဝထဲက ရွှေပေါက်ကံထဲက လက်ဖက်ရည်ဆိုင်သေးလေးတခုမှာ

အလုပ်ဝင်လုပ်ခဲ့တာ ၁၀နှစ်နီးပါးရှိပြီတဲ့…ဆိုင်တွေ ပုံမှန်ရောင်းရချိန်မှာ ညဉ့်နက်တဲ့အထိခိုင်းပြီး မနက်အစောကြီးထရတာမျိုး မငြီးမငြူလုပ်ပေးခဲ့ပါတယ်တဲ့…ထမင်းစားရုံလေး ကျောခင်းတနေရာစာလေးနဲ့သာ ကျေနပ်ခဲ့ရတဲ့

စာမတတ် ပေမတတ် တောက ကလေးတွေကို သက်သက်သာသာဈေးနဲ့ ခိုင်းခဲ့ပြီးအခုလိုဆိုင်တွေပိတ်ထားရချိန်မှာတော့ တာဝန်မယူနိုင်ဘူးဆိုပြီး ပြောဆိုမောင်းထုတ်ပါတယ်တဲ့…လမ်းပေါ်ထွက်လာရပေမယ့်

ပိုက်ဆံလည်း တပြားမှမပါ နေစရာ စားစရာလည်းမရှိမန်းလေးပြန်ချင်ပါတယ်ဆိုလို့တချို့သော ပရဟိတအဖွဲ့တွေဆီ အကူအညီတောင်းခဲ့ပေမယ့် သူတို့လည်း လူပြည့်နေလို့ တာဝန်မယူနိုင်ပါဆိုလို့ ဆိုင်ကယ်ကယ်ရီလေးငှားပေးပြီး

ရွှေပေါက်ကံ Q centre ကို အကူအညီတောင်းဖို့ ပို့ပေးလိုက်ပါတယ်။ ဆက်လက်ပြီးကူညီမယ့်သူပေါ်လာပါစေ။ကိုယ်တတ်နိုင်တဲ့ငွေလေးနဲ့လည်း ကူညီပေးလိုက်ပါတယ်။တကယ်ကိုလည်းပဲ မျက်ရည်တွေ ကျမိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*