“ပတ်သက်ခဲ့ဖူးသူရဲ့ ငါဝဋ်လည်နေပြီလို့ ရင်ဖွင့်လာတဲ့အပေါ်မှာ ပြုံးပြုံးလေးပဲ ပြန်လည် တုံ့ပြန်လိုက်တဲ့ အေသင်ချိုဆွေ”

ပရိသတ်ကြီးရေ အဆိုတော်မလေး အေသင်ချိုဆွေ ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

အေသင်ကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ တောက်ပခဲ့တဲ့ အနုပညာကြယ်ပွင့်ဖြစ်ခဲ့သူပါ.။

Single Mother တစ်ယောက်အနေနဲ့ ပြန်လည် အနုပညာအလုပ်တွေ လုပ်ကိုင်ချိန်မှာ ဝေဖန်မှုနဲ့ တိုက်ခိုက်မှုတွေ ရှိပေမယ့်လည်း အားပေးတဲ့ ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေဆဲပဲဖြစ်ပါတယ်.။

အပြောအဆို ပွင့်လင်းသူ အေသင်ကတော့သူမရဲ့ ဘဝမှာ ချစ်တဲ့ သမီးလေးအတွက် သာ အချိန်ပေးပြီး အကောင်းဆုံး ဖြစ်အောင် ဖန်တီးဖြည့်ဆည်းပေးဖို့ အလုပ်တွေကို မနားနိုင်အောင် လုပ်ကိုင်ေ နသူပါ.။

ဒီနေ့ ဒီဇင်ဘာလ (၇)ရက်နေ့မှာတော့ အေသင်က”ငါဝဋ်လည်နေပြီ” လို့ လာပြောတဲ့ အချိန်မှာ “ အော်….အေး” လို့နှစ်လုံးတည်း ပြန်ပြောလိုက်ရတဲ့ အရသာက ဘာနဲ့မှလဲလို့မရအောင်ပဲ။’ ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်.။

အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့် လက်ရှိမှာ ချစ်ရတဲ့ သမီးလေးနဲ့အတူ ချစ်ပေးတဲ့ ချစ်သူလေးကိုပါ ပိုင်ဆိုင်ထားရသူ အေသင်ကတော့ကံကောင်းနေသူလေးဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ဝဋ်လည်နေပြီလို့ ပြောလာတဲ့အပေါ်မှာလည်း ပြုံးပြုံးလေးပဲ ပြန်လည် တုံ့ပြန်ပြောရတာ ကျေနပ်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Be the first to comment

Leave a Reply

Your email address will not be published.


*