(-၉)ဒီဂရီ နှင်းတောကိုဖြတ်ပြီး ကျောင်းသွားရလို့ ရေခဲချောင်းဆံပင်ပုံစံဖြစ်နေတဲ့ ကလေးငယ်

အသက်(၁၀)နှစ်အရွယ်သာရှိသေးတဲ့ တရုတ်ကလေးငယ်လေးဟာ နှင်းတောကြီးကို ဖြတ်ပြီး သုံးမိုင်အဝေးက စာသင်ကျောင်းဆီကို နေ့စဉ်သွားရောက်နေရပါတယ်။ ကလေးရဲ့အမည်ကိုတော့ သတင်းမှာ ထုတ်ဖော်ရေးသားခြင်း မရှိပေမယ့် သူ့ကို Snowflake Boy လို့ လူမှုကွန်ယက်ပေါ်မှာ တင်စားခေါ်ဝေါ်နေကြပါတယ်။


အဆိုပါ ကျောင်းသားလေးဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်စီရင်စု၊ Ludian ကောင်တီ Xinjie မြို့နယ်ထဲမှာ နေထိုင်သူဖြစ်ပြီး၊ အလွန်အေးလှတဲ့ အာတိတ်စက်ဝန်းအတွင်း ကျရောက်တဲ့နေတဲ့ ဒေသဖြစ်လို့ အပူချိန်ဟာ “0”ဒီဂရီအောက်မှာသာ ရှိတဲ့ ဒေသပါ။

အခုလည်း အဆိုပါ ကောင်လေးဟာ အနှုတ်(၉)ဒီဂရီအထိ ကျဆင်းနေတဲ့ ရေခဲမှတ်အောက်မှာ သုံးမိုင်အဝေးက ကျောင်းကို သွားရောက်ရပါတယ်။ ဒါကြောင့် သူ့ခေါင်းပေါ်ကိုတင်သမျှ နှင်းခဲတွေဟာ မိနစ်ပိုင်းအတွင်း ရေခဲအချောင်းတွေပုံစံ ပြောင်းသွားပြီး၊ သူ့ခေါင်းပေါ်မှာ ထိုးထိုးထောင်ထောင်ပါဘဲ။


သူရဲ့ ရေခဲဦးထုပ်ပုံစံ ထိုးထိုးထောင်ထောင်ဖြစ်နေတာလေးကို ကျောင်းအုပ်ဆရာကြီး Fu Heng ကိုယ်တိုင် ရိုက်ယူခဲ့ကာ လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ Fu ဟာ အခု ကာယကံရှင်ကောင်လေးတက်ရောက်နေတဲ့ Zhuanshanbao အမည်ရ မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ပါ။


ကလေးမှာ ပြင်းထန်လှတဲ့ အအေးဒဏ်ကြောင့် အသားပဲ့(ပက်)တဲ့ ဝေဒနာကိုလည်း ခံစားနေရပြီး၊ လက်တွေ၊ ခြေထောက်တွေဟာ အက်ကွဲကြောင်း ဒဏ်ရာတွေ ဖြစ်လို့နေပါတယ်။ ကျောင်းအဝင်ဝတံခါးကိုလည်း ဆရာကြီး Fu က မှတ်တမ်းတင်ထားပြီး၊ ကလေးတွေဟာ ဆင်းရဲတဲ့အတွက် လုံလောက်တဲ့ အဝတ်အစားနဲ့ နွေးထွေးမှုကို မရကြဘူးလို့ ဆိုပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*