ကလေးဖျက်ချဖို့ ငြင်းဆန်ခဲ့ပြီး မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့တဲ့ အာဂမိခင်

မိခင်တစ်ယောက်အနေနဲ့ ကလေးသုံးလေးယောက်လောက်ထိန်းရတာ အင်မတန်ပင်ပန်းရတဲ့အချိန်မှာ ဒီအမျိုးသမီးကတော့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြခဲ့တာပါပဲ။

သူမရဲ့အမည်ကတော့ Bobbi McCaughey လို့ခေါ်ပြီး မွေးရာပါ ဟော်မုန်းချို့တဲ့ရောဂါကြောင့် အမျိုးသမီးမျိုးဥကောင်းကောင်းမဖွံ့ဖြိုးနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ခုနစ်မွှာပူးကလေးကိုယ်ဝန်ဆောင်ထားခဲ့ရပြီး မွေးဖွားတဲ့အခါမှာတော့ ဆရာဝန်တွေရဲ့တွန်းအားပေးခြင်းကို ခံခဲ့ရပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့အနေအထားကြောင့် မွေးဖွားတဲ့အချိန်မှာ ကလေး လေးယောက်ကို စွန့်လွှတ်ဖို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်သူမဟာ လက်မလျှော့ခဲ့ဘဲ ကလေးခုနစ်ယောက်လုံးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။

ပထမရထားတဲ့ကလေးအပါအဝင် ကလေး၈ယောက်ကို ပြုစုပျိုးထောင်ဖို့ သူမဟာ နေရာအရပ်ရပ်က အလှူငွေတွေ လက်ခံရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ကလေးရှစ်ယောက်လုံးကို ဘွဲ့ရပညာတတ်တွေဖြစ်တဲ့အထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ အာဂမိခင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*