မွေးနေ့မှာ ဝန်ထမ်းတွေကို တန်ဖိုးကြီးကားလက်ဆောင်အသီသီးပေးခဲ့တဲ့ သူဌေး

ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တော့မယ်ဆိုရင် အဲဒီကုမ္ပဏီရဲ့ ဖေပးတဲ့ လစာအပေါ်အရင်မကြည့်ပဲနဲ့ ဒီကုမ္ပဏီရဲ့ သူဌေးဟာ ဝန်ထမ်းတွေအပေါ် ဂရုတစိုက်ရှိရဲ့လား၊ ဝန်ထမ်းတွေကို ပြန်ကြည့်ရှု့ရဲ့လား အစရှိတာတွေကို ကြည့်တတ်ဖို့လိုပါတယ်။ အခုလဲ ကုမ္ပဏီတစ်ခုရဲ့ သူဌေးတစ်ဦးဟာ ဝန်ထမ်းတွေကို ဘာမှကြိုမပြောထားပဲနဲ့ သူ့မွေးနေ့မှာ ကားတွေကို လက်ဆောင်အဖြစ်ပေးခဲ့ကြောင်း Yabaleft Online သတင်းဌာနရဲ့ တင်ပြချက်အရ သိရှိရပါတယ်။


နိုက်ဂျီးရီယားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် influencer တစ်ဦးလည်းဖြစ်တဲ့ Emeka Okonkwo ဟာ သူ့မွေးနေ့ကျင်းပနေတုန်း ဘာမှမပြောပဲနဲ့ အိမ်ရှေ့က ခြံထဲကို ခေါ်သွားပါတယ်။ ခြံထဲရောက်တဲ့အချိန်မှာတော့ သူ့ဝန်ထမ်းတွေကို ပြောခဲ့တယ်။ မင်းတို့အတွက် ကားတစ်စီးစီ လက်ဆောင်ပေးဖို့ ငါစီစဉ်ထားတယ်တဲ့။


“ ဒီနေ့က ငါ့မွေးနေ့လေ။ ဒီဝန်ထမ်းတွေက ငါ့ဘဝအတွက်တကယ်အရေးပါတဲ့သူတွေပဲလေ။ သူတို့ပျော်ရင် ငါလဲပျော်တယ်. အခုလို ငါ့မွေးနေ့မှာ ငါ့အတွက်အရေးပါတဲ့သူတွေကို ပျော်အောင်လုပ်ပေးရတာ ငါကသူတို့ထက်တောင်ပျော်သေးတယ်။ ဒီလူတွေက ငါကုမ္ပဏီစထောင်ကတည်းက ဒီနေ့ဒီအချိန်အထိငါ့အနားမှာ ရှိခဲ့တဲ့ ရဲဘော်ရဲဖက်တွေပါပဲ” လို့ Emeka က ပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*