မိခင်ဖြစ်သူက ကလေး၂ ယောက်ကိုကားထဲထားပြီး အရက်သွားသောက်ရာက ကလေးများ သေဆုံးမှု

မိခင်ဖြစ်သူက ကလေး ၂ယောက်ကို ကားထဲ ထားပြီး အရက်သွားသောက်ရာက ကလေးများ သေဆုံး

<img class=”alignnone size-full wp-image-531″ src=”https://dailycinews.com/wp-content/uploads/2020/09/157.jpg” alt=”” width=”900″ height=”473″ />

အသက် ၂၆ နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ. ကလေး ၂ ယောက်ကို ကားထဲမှာထားခဲ့ပြီး အရက်သွားသောက်ရာက သွားချိန်ကြာလွန်းတာကြောင့် ကလေး ၂ ဦးဟာ သတိလစ်မေ့မောပြီးနောက် သေဆုံးသွားခဲ့ရတာပါ။

ဒီဖြစ်ရပ်ဟာ အလုပ်လက်မဲ့ မိခင်တစ်ဦးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ကလေး ၂ ဦးကတော့ တစ်ဦးက အသက် ၆ နှစ်နဲ့ နောက်တစ်ဦးက အသက် ၃ နှစ်ပဲ ရှိသေးတာပါ ။ မိခင်ဖြစ်သူဟာ စက်တင်ဘာလ ၂ ရက်နေ့ ည ၂ နာရီလောက်မှာ ကလေး၂ ဦးကို ကားထဲမှာ ထားပြီး ထွက်သွားခဲ့ရာ နောက်တစ်ရက် နေ့လည် ၁၂ နာရီ ကျော်မှ ပြန်ရောက်လာခဲ့တာပါ ။ သူမထွက်သွားစဉ်မှာ ကားမှန်တွေကို အပြည့်တင်ခဲ့ပြီး ကားတံခါးတွေကိုလည်း သော့ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ စုံစမ်းမှုတွေအရ ကလေးငယ် ၂ ဦးဟာ အပူလွန်ကဲမှုကြောင့် အခုလိုမျိုး သတိလစ်ကာ သေဆုံးတဲ့ထိ ဖြစ်ပွားခဲ့ရတာပါ။ ရဲဌာနရဲ. အဆိုအရ အခင်းဖြစ်ပွားရာ နေရာ အနီးတဝိုက်မှာ အဲ့ဒီနေ့က အပူချိန်ဟာ ၃၇ ဒီဂရီ စဲလ်ဆီးယပ်စ် ထိ ရှိနေပြီး ကားထဲမှာဆို အဲ့ဒီထက် အပူချိန်ပို ပြင်းနိုင်တယ်လို့ ဆိုပါတယ်။

<img class=”alignnone size-full wp-image-532″ src=”https://dailycinews.com/wp-content/uploads/2020/09/158.jpg” alt=”” width=”599″ height=”337″ />

အနီးအနားက CCTV မှတ်တမ်းတွေနဲ့ မိခင်ဖြစ်သူ သွားသောက်ခဲ့တဲ့ အရက်ဘားက ဝန်ထမ်းတွေရဲ. ထွက်ဆိုချက်အရ တာဝန်မဲ့တဲ့ မိခင်ဖြစ်သူကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ZawGyi






Be the first to comment

Leave a Reply

Your email address will not be published.


*