သူ့ရဲ့ နာရေးကူညီမှုအသင်းဥက္ကဌသက်တမ်းတလျှောက်လုံးမှာ လုံးဝမကြုံခဲ့ဖူးတဲ့ ကိုယ်တိုင်ပင် ရှော့ဖြစ်သွားခဲ့ရတဲ့ နာရေးတခုအကြောင်းပြောပြလာတဲ့ ဦးကျော်သူ…

ယနေ့ ပုံမှန်အတိုင်း လူမျိုးဘာသာ၊ဆင်းရဲချမ်းသာမရွေး နာရေးကူညီမှုလုပ်ငန်းအား တစ်သားထဲ ကူညီဖေးမပြုလုပ်ခဲ့ရာ

တောင်ဥက္ကလာ(၆)ရပ်ကွက်နေ ဘဘဦးစိုးမောင် အသက်(၉၀)နှစ်၏ကျန်ရစ်သော ရုပ်ခန္ဓာအား ရေဝေးသုဿန်သို့သယ်ဆောင်ပေး ခဲ့ပါသည်။

ရေဝေးရောက်သောအခါ ကာယကံရှင် များ၏ဆန္ဒအရ မီးသင်္ဂြိုလ်မှု မပြုခင် နောက်ဆုံးအကြိမ်အဖြစ်ကွယ်လွန် သူ၏ရုပ်ခန္ဓာအား

ကြည့်ရှုလိုသဖြင့် မှန်အခေါင်းအဖုံးအားလှပ်ပြစဉ် ကာယကံရှင်မိသားစုမှ အဘဦးစိုးမောင်၏ရင်ခွင်လက်ထဲတွင် ရှိနေသော

အထုတ်တစ်ထုတ်အားဖွင့်၍ ကျွန် တော့်အား ထုတ်ပြသော် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ နှစ်ပေါင်း(၁၀)နှစ် ကျော်ခန့်က

စတင်၍လှူဒါန်းမှု ပြုထားသော ဂုဏ်ပြုကဒ်ပြားများ၊မှတ်တမ်းဓါတ်ပုံများဖြစ် နေတော့သည်။

ဤတွင် ကျွန်တော်မှ “အော် လူတွေ သေဆုံးကြရင် ပိုင်ဆိုင်မှုတွေဖြစ်တဲ့ တိုက်၊အိမ်၊ကား၊ပိုက်ဆံ၊မိသားစု၊သားသမီး၊ဇနီး၊ အပေါင်းအသင်းမှန်သမျှအားလုံးကို ထားခဲ့ရတာ။

ဘဘကတော့ ပိုင်ဆိုင်မှု အစစ်တွေကိုအပါယူသွားနိုင်ခဲ့ပြီ” ဟု ပြောမိပါတော့သည်။

ဘဘဦးစိုးမောင်၏ကျန်ရစ်သောခန္ဓာကိုယ်နှင့်အတူ ဘဘ၏လှူဒါန်းမှု မှတ်တမ်း ဂုဏ် ပြုကဒ် များသည်လည်း

မီးတောက်မီးလျှံများအတွင်းလောင်မြိုက်ကာ ရေဝေးခေါင်းတိုင်မှမီးခိုးငွေ့များ၊ပြာမှုန်များအဖြစ်ပါသွားရှာလေပြီ။သို့သော် သေရင် မီးခိုးနဲ့ပြာ။ ပါသွားမှာက ကုသိုလ်နဲ့ အကုသိုလ် ဟူသောစကားအတိုင်းဘဘဦးစိုးမောင် တစ်ယောက်

မြင့်မြတ်သောဘုံဗိမ္မာန်မှ မိမိတို့နေ့စဉ်ပြုခဲ့သမျှကုသိုလ်အစုစုကို သာဓု သာဓု သာဓုဟုခေါ်ဆိုနေမည်မှာ မုချဧကန်မလွဲပေ။ဘဘဦးစိုးမောင်တစ်ယောက် ပိုင်ဆိုင်မှုအစစ်တွေကို အမိအရယူသွားရှာခဲ့လေပြီ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*