အိမ်ရှင်တွေစားမယ့် အစားစာထဲကို မသင်္ကာဖွယ်ရာတွေ ထည့်ချက်တဲ့အိမ်ဖော်

အိမ်ရှင်တွေစားမယ့် အစားစာထဲကို မသင်္ကာဖွယ်ရာတွေ ထည့်ချက်တဲ့အိမ်ဖော်

အိမ်ဖော်အမျိုးသမီးတစ်ယောက်ဟာ အိမ်ရှင်သူဌေးတွေကို မကျေနပ်လို့ အစားအစာတွေထဲကို အညစ်အကြေးတွေ ရောထည့်ပြီး ချက်ပြုတ်ခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အခုအခါမှာတော့ ဒီအမှုကို သူမ ရင်ဆိုင်နေရပြီး၊ စင်္ကာပူဥပဒေအရ ထောင်ဒဏ်(၁)နှစ်အထိ ကျခံရဖို့ရှိနေပါတယ်။ အဆိုပါ အမျိုးသမီးအမည်မှာ Canares Rowena Ola ဖြစ်ပြီး၊ အသက်(၄၃)နှစ်ဖြစ်ပါတယ်။

သူမဟာ ဖိလစ်ပိုင်ဇာတိဖြစ်ပြီး စင်္ကာပူနိုင်ငံ၊ Sengkang မှာ နေထိုင်ပါတယ်။ အခု Rowena ကို အကျိုးဖျက်ဆီးမှုစတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ထားကြောင်း သိရပါတယ်။ Straits Time သတင်းစာမှာတော့ သူမဟာ အိမ်ရှင်တွေစားမယ့် အစားအစာတွေကို ဆီးတွေ၊ အမျိုးသမီးဓမ္မတာသွေးတွေ ရောချက်တယ်လို့တောင် ဆိုထားပါတယ်။

ဒီပြစ်မှုအတွက် သူမဟာ မြင့်မားတဲ့ဒဏ်ငွေအပြင် ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ခံရဖို့ရှိနေကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူမ အပြစ်ကို ဝန်ခံမယ်လို့ ယူဆခဲ့ပေမယ့် အခုအခါမှာတော့ သူမက တရားရုံးမှာပဲ ဆက်ပြောကြတာပေါ့လို့ ပြောခဲ့ပါသတဲ့။ Rowena ဟာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာမှာ ဒီစွဲချက်တွေ ရင်ဆိုင်ခဲ့ရတာပါ။

Rowena ကိုထောက်ခံတဲ့ အခြားတစ်ဖက်မှာတော့ စင်္ကာပူ အိမ်ရှင်တွေဟာ အိမ်ဖော်တွေကို အခုလို အမှုဆင်ချောက်ချတာမျိုးတွေ ရှိနေတယ်လို့ သက်သေတော်တော်များများနဲ့ ထောက်ပြနေကြပါတယ်။ အခုဖြစ်စဉ်မှာတော့ မိသားစုတစ်စုလုံး ချက်ပြုတ်ကျွေးမွေးတဲ့အစားအစာတွေကို ယုံကြည်စွာ ပြုလုပ်ခဲ့ပြီး၊ ဘာတွေ ထည့်ချက်ခဲ့တယ်ဆိုတာကိုတော့ DNA စစ်ချက်တွေ ဘာတွေ မပြုလုပ်ရသေးပါဘူး။

အကယ်၍ DNA သက်သေကို တရားလိုတွေဘက်က မတင်နိုင်ရင် အမှုက ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်။ သူမရဲ့ရှေ့နေ Kalaithasan Karuppaya ကတော့ အမှုသည်အနေနဲ့ အပြစ်ကင်းကြောင်း၊ ဖိနှိပ်အနိုင်ကျင့်ခံရတဲ့ ကိစ္စတွေကိုလည်း ဖော်ထုတ်မယ်လို့ ဆိုခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ သူမ ဘာကြောင့် မကျေနပ်တာလဲဆိုတာကို သတင်းတွေက ရှင်းရှင်းလင်း မဖော်ပြနိုင်သေးပါဘူး။

ဒီအမှုကို လာမယ့်နှစ် ဇန်နဝါရီ (၂၅)ရက်နေ့မှာ အကြိုကြားနာမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီတုန်းက အင်ဒိုနီးရှားအိမ်ဖော်တစ်ဦးဟာ အခုလို အလားတူအမှုမျိုး ကျူးလွန်ခဲ့လို့ ထောင်ဒဏ်(၆)လအထိ စီရင်ခံခဲ့ရပါတယ်။ ဒီအမှုမှာလည်း တရားခံဘက်က ခုခံချေပမှုတွေ၊ အပြန်အလှန်စွပ်စွဲမှုတွေ ရှိခဲ့ပေမယ့် စင်္ကာပူတရားရုံးက ငြင်းပယ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*