
သူတို့မြို့မှာ အမျိုးသားရှားပါးမှုကြောင့် ယောကျာ်းလေးတစ်ယောက်ကနေ ရည်းစားသုံးယောက်အလွယ်တကူထားနိုင်ပါတယ်တဲ့။ ဒီမြို့ကတော့ တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Guangdongပြည်နယ်က Dongguanအမည်ကမြို့ပဲဖြစ်ပါတယ်။
ဒီမြို့ဟာ I phone, I pad စတဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့မြို့လို့လဲနာမည်ကြီးပါတယ်။ ထူးခြားတာကတော့ မြို့ထဲကစက်ရုံတွေဟာ အလုပ်ခေါ်တဲ့အခါ အမျိုးသမီးဝန်ထမ်းတွေကိုသာခေါ်တာကြောင့် မြို့တွင်းလူဦးရေအချိုးချရင် မိန်းမဦးရေ အယောက် ၁ဝဝမှာ ယောကျာ်းဦးရေ ၈၉ယောက်သာရှိတာကြောင့် ယောကျာ်းလေးတွေအနေနဲ့ အထူးအခွင့်အရေးအနေနဲ့ ရည်းစားတစ်ယောက်ထက်မက ကြည်ကြည်ဖြူဖြူထားခွင့်ရတာဖြစ်ပါတယ်။
မြို့တွင်းနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကတော့ ဒီမြို့မှာ အလုပ်ထက် ရည်းစားရှာရတာပိုလွယ်တယ်လို့ပြောပါတယ်။ နောက်တစ်ယောက်ကတော့ သူ့မှာရည်းစားသုံးယောက်ရှိပြီး အဲသုံးယောက်ကလဲ အချင်းချင်းသိကြတယ်လို့ဆိုပါတယ်။ နောက်တစ်ယောက်ကတော့ ရည်းစားတစ်ယောက်တည်းရှိတဲ့အမျိုးသားဆို မြို့ထဲမှာ အလှောင်တောင်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။
Leave a Reply