COVID ကြောင့် ကြွေလွင့်ခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းအတွက် ယူကျုံးမရဖြစ်နေခဲ့တဲ့ ဂရေဟမ်

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဆုံးပါးသွားခဲ့တဲ့ လူနာအမှတ် (၁၄၉၁)ဟာ ရပ်ရွာအကျိုးကို သယ်ပိုးတတ်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်ပြီး အဆိုတော်ဂရေဟမ်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

စိတ်ထားကောင်းပြီး လူအများကိုကူညီတတ်တဲ့ တန်ဖိုးရှိတဲ့သူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာမို့ ဂရေဟမ်ကတော့ အတော်လေးကို စိတ်မကောင်းဖြစ်နေခဲ့တာ ပါ။ ဒီသတင်းကိုကြားကြားချင်း တစ်မိသားစုလုံး ဝမ်းပန်းတနည်း ငိုခဲ့ရတဲ့အကြောင်းကိုလည်း သေဆုံးသူရဲ့ ညီဖြစ်သူကို ပြောပြခဲ့ပါသေးတယ်။

သူငယ်ချင်းအတွက်လည်း ရည်စူးကုသိုလ်အဖြစ်နဲ့ ဘုန်းကြီးဆွမ်းကပ်ပေးမယ့်အကြောင်းလည်း ပြောခဲ့ပါသေးတယ်။ ကိုးကွယ်ရာဘာသာတွေ မတူပေမယ့် ရင်ဘတ်ထဲကချစ်ခြင်းမေတ္တာဟာနက်ရှိုင်းလွန်းပါတယ်။ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်းကို ”ကျွန်တော့်ရဲ့ လက်ချိုးရေလို့ရတဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက် ခွဲခွာသွားတာ မယုံနိုင်စရာ စိတ်ထားကောင်းပြီး အလှူအတန်း အရမ်းရက်ရောတဲ့

သူငယ်ချင်း ကောင်းရာမွန်ရာရောက်မှာပါခင်ဗျာ။ လုပ်တဲ့ပွဲတိုင်းမှာ ခင်ဗျားနဲ့အမြဲ အတူတွဲဆိုခဲ့ကြတဲ့ “သေသည့်တိုင်အောင် ချစ်နေမယ်” သီချင်း သတိရနေမယ် ကိုဖိုးအော်ရေ” ဆိုပြီး ပြောပြခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*