Dryer အမှုတ်မှားမှုကြောင့် မိန်းကလေးတစ်ယောက် ရုတ်တရက် သေဆုံး

Xuan Hiep Commune, Xuan Loc မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၄နှစ် အရွယ် မိန်းကလေးတစ်ယောက် Dryer ရှော့ခ်ဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူမ ခေါင်းလျှော်ပြီး ထုံးစံအတိုင်း ဆံပင်ခြောက်အောင် Dryer နဲ့မှုတ်ပါတယ်။

ဒါပေမယ့် ဝါယာရှော့ဖြစ်ပြီး သူမဓာတ်လိုက် သေဆုံးခဲ့ရတယ်။ တကယ်တော့ dryer ကို ရေချိုးခန်းထဲမှာသုံးလို့ဖြစ်ရတာပါ။ ရေချိုးခန်းထဲမှာဆိုတော့ ရေတွေနဲ့ထိပြီး ရှော့ဖြစ်သွားပုံရပါတယ်။ လူတော်တော်များများက အလွယ်ဆိုပြီး ရေချိုးခန်းထဲမှာ dryerကို သုံးကြတာများပါတယ််

ဒါဟာ အလွန်အန္တရာယ်များပါတယ်။ ရေလေးအနည်းငယ် စင်သွားရုံနဲ့ လျှပ်စစ်ဓာတ်အားတွေဟာ ရှော့ဖြစ်ဖို့ လွယ်ပါတယ်။ နောက်တစ်ခု Dryerဟာ ထူးဆန်းတဲ့အသံတွေ ထွက်နေရင် အသုံးမပြုတာ အကောင်းဆုံးပါပဲ။ ဆက်သုံးနေမယ်ဆိုရင် ပေါက်ကွဲနိုင်ပါတယ်။

အရည်သွေးမကောင်းတဲ့ Dryer တွေကို မသုံးပါနဲ့။ ဈေးပေါတယ်ဆိုပြီး ဝယ်သုံးလိုက်ပေမယ့် ကိုယ့်အတွက် မမြင်နိုင်တဲ့ အန္တရာယ်ကိုဖိတ်ခေါ်လိုက်သလိုပါပဲ။ အရည်သွေးနိမ့်ပါးလေ resistant နိမ့်ပြီး ပျက်စီးလွယ်သလို ရှော့လည်းဖြစ်နိုင်ချေ ပိုများပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*