မြန်မာနိုင်ငံက ဈေးပေါပေါနဲ့ ဝယ်သွားတဲ့ လှည်းပန်းတောင်းတွေ တရုတ်ပြည်ရောက်သွားတဲ့အခါ ပေါက်ဈေးက

မြန်မာနိုင်ငံက ဈေးပေါပေါနဲ့ ဝယ်သွားတဲ့ လှည်းပန်းတောင်းတွေ တရုတ်ပြည်ရောက်သွားတဲ့အခါ ပေါက်ဈေးက

အားလုံးကို အတုယူကြစေချင်လို့ တင်ပေးလိုက်ပါတယ်နော်။ကိုယ်တွေဆီမှာက အမှိုက်ဆိုပြီးတော့ ရတဲ့ဈေးနဲ့ရောင်းပေးလိုက်ကြတယ်။(ဝယ်သူရှိလို့ ပျော်တောင်နေကြအုံးမယ်)

တကယ် တီထွင်ဖန်တီးတက်သူတွေ လက်ထဲရောက်သွားတဲ့ အခါ အမှိုက်ကနေ ရွှေဖြစ်သွားတာ။မြန်မာပြည်ကနေ လှည်းပန်းတောင်းတွေကို ဘာလုပ်ဖို့ ဝယ်နေကြတာလဲလို့ ရှာဖွေလိုက်တာ တွေ့သွားပါပြီဗျာ။

မြန်မာပြည်တွင်းမှာ ဝယ်နေကြတာ အလွန်ဆုံးပေးရင် တစ်လုံးကို ၅၀၀၀ပါဘဲနော်။ပန်းပုထုထားတဲ့ ပုံထဲမှာပါတဲ့ တရုတ်ငွေဈေးအရတာ့ မြန်မာငွေ ၆သိန်းမှ ၁၄ သိန်းကျော် ရှိပါတယ်တဲ့။လှည်းပတောင်းဆိုတာဟာ နွားလှည်းရဲ့

ဘီးအလည်ဗဟိုမှာရှိတဲ့ လှည်းဝင်ရိုး တပ်ရတဲ့နေရာမှာရှိတာပါ။လှည်းဘီးက ဒေါက်တွေကိုတော့ လှည်းပတောင်းပတ်လည်မှာ စိုက်ပြီးတော့ အပြင်ပတ်လည်က သစ်သားဂွေနဲ့ ပတ်ပတ်လည်ဆက်လိုက်မှ လှည်းဘီးတသ်ခုဖြစ်လာတာပါ။

မြန်မာတောင်သူတွေရဲ့ လက်ရှိအခြေအနေကတော့ အများစုမှာ နွားတွေမရှိတော့ပါဘူးနော်။လယ်ထွန် ကောက်စိုက်၊လယ်ရိတ် စတဲ့လုပ်ငန်းတွေမှာ စက်တွေကို ငှားပြီးတော့ လုပ်နေကြတာပါ။နွားမရှိတော့ ရှိတဲ့လှည်းတွေကလည်းအသုံးမဝင်တော့ပါဘူး။

ပျက်ရင်လည်းမပြင်ကြတော့ပါဘူးနော်။လှည်းတွေ ပျက်သွားတဲ့အခါမှာ ရောင်းလို့ရတာ တွေ ဖြုတ်ရောင်းကြပါတယ်။လှည်းပတောင်းတွေကို ပြုလုပ်တဲ့အခါမှာ ခိုင်ခန့်စေဖို့တွက် ပိတောက်သားနဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။

ပိတောက်သားတွေ ဈေးကြီးတဲ့အခါမှာ စီးပွားရေး အကွက်မြင်သူတွေက ပိတောက်သားနဲ့လုပ်ထားတဲ့ ယခုလို ပစ္စ္စည်းဟောင်းတွေကို ဈေးပေါပေါနဲ့ ဝယ်ယူပြီးတော့

တန်ဖိုးမြငိ့ထုတ်ကုန်တွေ ပြုလုပ်ရောင်းချကြတာဖြစ်ပါတယ်။1 Chinese Yuan = 195.05 kyats (MMK)(တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ 195 ကျပ်ဈေးပေါက်ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*