
ပီးခဲ့တဲ့ အပတ်ကပဲ အသက် ၅၂နှစ် Mitsuhiro Iwamoto ဆိုတဲ့ မျက်မမြင်အမျိုးသားတစ်ဦး ပစိဖိတ် သမုဒ္ဒရာကြီးကို ၂လအတွင်း ရွက်လွှင့်ပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
သူဟာ ၁၂မီတာ (ပေ ၄ဝ)ရှိတဲ့ ရွက်လှေနဲ့ မြို့ထဲကနေ ထွက်ခွာသွားခဲ့တာပါ။ ရွက်လွှင့်တော့ သူနဲ့အတူ အမေရိကန်လူမျိုး Douglas Smith လည်းပါပါတယ်။ ၈၇ဝဝ မိုင် (၁၄ဝဝဝ ကီလိုမီတာ)ထိ ဦးတည်ရွက်လွှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ မနက် ၉နာရီ Fukushima မြို့Iwaki ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အသက် ၁၆နှစ်မှာ သူ့ရဲ့အမြင်အာရုံကို ဆုံးရှုံးခဲ့ပြီး၂ဝ၁၃ ခုနှစ်မှာ ဂျပန်အမျိုးသားတစ်ယောက်နဲ့အတူ ပစိဖိတ်ကို ပထမဆုံးရွက်လွှင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝေလငါးတွေကြောင့် သင်္ဘောနှစ်မြှုပ်ခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ် သူ့ရဲ့ကြိုးစားခြင်းပဲဖြစ်ပါတယ်။ စနေနေ့မှာတော့ အမေရိကန်အမျိုးသားတစ်ယောက်နဲ့အတူ သူ့ရဲ့ရွက်လွှင့်မှုခရီးစဉ်ကြီး အောင်မြင်ခဲ့ပါတယ်။
” မျက်လုံးမမြင်တဲ့ လူတစ်ယောက်အတွက် ဒါမဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တကယ်တမ်းစိတ်အားထက်သန်ရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ် ” လို့ သူ့ရဲ့ဝက်ဆိုဒ်မှာတင်ထားပါတယ်။
Leave a Reply