ခြိမ့်ကေကို နှင့် မွေးနေ့ ဦးဆောင်ကျင်းပသူတို့ ထွက်ပြေး တိမ်းရှောင်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၅

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ Facebook ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်းသိရှိရပါတယ်။


ဒီနေ့ရစ်ကန် ရဲတပ်ဖွဲ့က မြစ်သားမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် ဦးဇော်မင်းထိုက် နဲ့ Facebook ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။ရဲလုပ်ငန်းစဉ်တွေအရ ချိတ်ဆက်ဖမ်းဆီးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။


” ဖမ်းတော့မိမှာပါ ဒီကာလကြီး နယ်ကျော်ပြီး ဝေးဝေး ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့” ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မင်းဝန်ကျေးရွာမှာ ဦးဇော်မင်းထိုက် ရဲ့သမီးဖြစ်သူရဲ့မွေးနေ့ပွဲကို လူဦးရေ ၅၀ ဖိတ်ကြား ကျင်းပခဲ့မှုနဲ့ ခြိမ့်ကေကို အနေနဲ့ပါဝင် ဖျော်ဖြေခဲ့မှု ကြောင့် လူဦးရေ ၅၀ ထက်ကျော်လွန်သွားတဲ့ အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) နဲ့တရားစွဲ ခဲ့တာဖြစ်ပါတယ်။

အိုင်းရစ် ရေးသားသည်။

(ပုံ – ခြိမ့်ကေကို Facebook)(၂၀၁၉ ခုနှစ် Music City တွင် ခြိမ့်ကေကို ဖျော်ဖြေမှု ပြုလုပ်နေစဉ်)

Be the first to comment

Leave a Reply

Your email address will not be published.


*