
Sophie အမည်ရ အသက် ၂၂နှစ်အရွယ်ရှိ ရုရှားကောင်မလေးဟာ တရုတ်ပြည်မှာ ပညာသင်ကြားဖို့အတွက် Heiheအမည်ရမြို့ကို လွန်ခဲ့တဲ့ငါးနှစ်ကလာရောက်ခဲ့ပါတယ်။ သူမဟာ အဆိုပါမြို့မှာ အချိန်အတန်ကြာနေထိုင်ခဲ့ပြီး တရုတ်ပြည်ရဲ့ယဉ်ကျေးမှူနဲ့ လူမှုဘဝကိုနှစ်သက်တာကြောင့် ဘွဲ့ရပြီးတာတောင် မိခင်ရုရှားနိုငိငံကိုမပြန်ဘဲ တရုတ်ပြည်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။
၂၀၁၆ခုနှစ်မှာ သူမဟာ Chenအမည်ရ တရုတ်အမျိုးသားတစ်ဦးကို သူမရဲ့သူငယ်ချင်းကနေတစ်ဆင့် တွေ့ရှိခဲ့ပါတယ်။ Chen ဟာ Sophie နဲ့တွေ့ပြီးနောက် အရဲစွန့်ပြီး Sophieနဲ့ ဆက်သွယ်လို့ရမယ့် အကောင့်ကိုမေးခဲ့ပြီးနောက် Chen နဲ့ Sophie ဟာ တဖြည်းဖြည်းနီးစပ်လာခဲ့ပါတယ်။
တကယ်တော့ Chen ဟာ မိုင်းလုပ်သားတစ်ယောက်ဖြစ်ပြီး စုထားတဲ့ပိုက်ဆံမရှိ၊ အိမ်မရှိ၊ ကားမရှိတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်။ Sophie နဲ့ Chen ဟာ နီးစပ်လာပြီးနောက် Sophie ဟာအလုပ်ကနေထွက်ပြီး Chenနေထိုင်တဲ့ မိုင်းတွင်းအပြင်က အိမ်လေးမှာ နှစ်လတာ တူတူသွားနေပါတယ်။ အဲအိမ်မှာဆိုရင် ရေချိုးတဲ့နေရာနဲ့ အပေါ့အလေးစွန့်တဲ့နေရာဟာ အိမ်အပြင်ဘက်မှာရှိတဲ့အထိ နုံချာတာပဲဖြစ်ပါတယ်။
Chenဟာ နောက်ပိုင်းမှာ မိုင်းတွင်းအလုပ်ကနေထွက်ခဲ့ပြီး Sophie နဲ့အတူ အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ မကြာအချိန်အတွင်းမှာ သူတို့နှစ်ဦး ကိုယ်ပိုင်အိမ်တစ်လုံးနဲ့ ကားတစ်စီးဝယ်နိုင်တဲ့အခြေအနေရောက်တော့မှာပါလို့ Sophie ကနေ ပြောကြားခဲ့ပါတယ်။ ဒီဧပရယ်လအတွင်းမှာ Chen နဲ့ Sophie ဟာ ရုရှားမှာရှိတဲ့ သူမရဲ့မိဘတွေဆီသွားပြီး လက်ထပ်ပွဲကျင်းပမှာဖြစ်ပါတယ်။ Sophie ကတော့ သူမရဲ့ရွေးချယ်မှုအတွက်နောင်တမရဘဲ သူမပျော်နေကြောင်းနဲ့ Chen ကို မြင်မြင်ချင်းချစ်မိတာဖြစ်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။
Leave a Reply