ဆိုင်ရှင်နဲ့ ဓါတ်ပုံရိုက်ချင်လို့ ဝယ်သူများနေတဲ့ဆိုင်

ဒီခေါက်ဆွဲကောင်းလွန်းလို့စားတာလား ဆိုင်ရှင်လေးချောလွန်းလို့သွားတာလား ဆိုတဲ့ စိုင်းဆိုင်မောဝ်ရဲ့ သီချင်းလို ဗီယက်နမ်ကလမ်းဘေးစျေးသည်ကောင်မလေးတစ်ယောက်ဟာ အွန်လိုင်းသုံးစွဲသူတွေကြားနာမည်ကြီးလို့နေပါတယ် ။

လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေရောင်းချတဲ့ သူမရဲ့ဆိုင်မှာ ပုရိသအပေါင်းဟာရုန်းစုလို့နေပါတယ် ။ ဖျော်ရည်သောက်ချင်တာထက် ဆိုင်ရှင်လေးနဲ့ အတူတူဓါတ်ပုံရိုက်ချင်လို့ပါတဲ့ ။ ဓါတ်ပုံရိုက်ပေးရင် ဖျော်ရည်ဝယ်သောက်မယ်ဆိုတဲ့ တောင်းဆိုချက်တွေလဲ ရံဖန်ရံခါပြုလုပ်တတ်ကြပါသေးတယ် ။ ဆိုင်ပိုင်ရှင်မိန်းမချောလေးကတော့ ဖောက်သည်တွေနဲ့

အတူ မငြီးမညူဓါတ်ပုံရိုက်ပေးလေ့ရှိပါတယ် ။ ဓါတ်ပုံရိုက်ခံရပါများလာတော့ ဘယ်လိုပို့စ်ပေးရမလဲတောင်သိနေပြီဆိုတဲ့ဆိုင််ရှင်မိန်းမချောလေးဟာ တကယ်ပဲလှလား ပရိတ်သတ်တို့ပဲကြည့်သွားကြပါတော့နော် …

အဲဒီလိုဆိုင်မျိုး မြန်မာနိုင်ငံမှာရှိရင် သွားဝယ်ကြမှာလား ?

Be the first to comment

Leave a Reply

Your email address will not be published.


*