“လူတိုင်း အတွက် အတွေး တစ်ခုရစေတဲ့ ဖရဲသီး သည် အဖိုးအို ရဲ့ ဈေးရောင်းနည်း”

“လူတိုင်းအတွက် အတွေး တစ်ခုရစေတဲ့ ဖရဲသီး သည် အဖိုးအိုရဲ့ ဈေးရောင်းနည်း”

အဖိုးအိုတစ်ယောက် က ဖရဲသီးတွေ ရောင်းတယ်။ သူ့ရဲ့ ဈေးနှုန်းက အံ့ဩဖို့တော့ ကောင်းတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ ။ ဖရဲသီး တစ်လုံးကို ၃ ဒေါ်လာ၊ ၃ လုံး ယူမယ်ဆိုရင် ၁၀ ဒေါ်လာ ..တဲ့။

လူငယ်တစ်ယောက် က အရွယ်ကောင်း ဖရဲသီးတစ်လုံး ကို ရွေးဝယ်လိုက်တယ်။ အဘိုးအိုကို လှမ်းပြောတယ်။ အဖိုး၊ ဒီမှာ ၃ ဒေါ်လာ နော်။ တစ်လုံးယူလိုက်ပြီ။ သိပ်မကြာခင်မှာပဲ

လူငယ်ကလေးက နောက်တစ်လုံးထပ်ဝယ်တယ်။ ၃ ဒေါ်လာ ပေးတယ်။ နောက် တစ်ခေါက်လည်း နောက်ထပ် တစ်လုံး ထပ်ဝယ်ပြန်တယ်။ ၃ ဒေါ်လာ ပေး ခဲ့ပြန်တယ်။ ပြီးတော့

လူငယ်ကလေးက ခပ်လှမ်းလှမ်း ကနေပြီး အဖိုးအိုကို စပ်ဖြဲဖြဲနဲ့ လှမ်းပြောတယ်။

” အဖိုး၊ ကျွန်တော် ဖရဲသီး ၃ သုံးလုံး ဝယ်တာ၊ ၉ ဒေါ်လာပဲ ပေးရတယ်။ အဖိုးက အတွက် အချက်လည်း မတတ်၊ စီးပွားရေးလည်း မလုပ်တတ်သေးပါဘူး ဗျာ ..” ပြုံးဖြီးဖြီးကြီး လုပ်ပြီး ကောင်လေး ထွက်ခွာသွားတယ်။

ကောင်လေးစကား ကြားတော့ အဖိုးအိုက ပြုံးတယ်။ သက်ပြင်းငွေ့ငွေ့ချပြီး တကိုယ် တည်း တီးတိုးပြောတယ်။ ” အင်း၊ ငါ့ဆီမှာ ဈေးလာဝယ်တဲ့ လူတိုင်း ကတော့ မင်းလိုပဲ

ပြောသွားကြတာပဲ ..။ စီးပွားရေး ဘယ်လို လုပ်ရမ လဲဆိုပြီး ငါ့ကို သင်ပေးဖို့ မင်းလိုပဲ ကြိုးစားကြတာပါပဲ ကောင်လေး ရေ “

Be the first to comment

Leave a Reply

Your email address will not be published.


*