ကာကွယ်ဆေးကို ပြည်သူတွေ ယုံကြည်အောင် လူတွေရှေ့မှာ အထိုးခံမယ့် အမေရိကန်သမ္မတဟောင်း (၃) ယောက်

ကာကွယ်ဆေးကို ပြည်သူတွေ ယုံကြည်အောင် လူတွေရှေ့မှာ အထိုးခံမယ့် အမေရိကန်သမ္မတဟောင်း (၃) ယောက်

အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေးဟာ စိတ်ချရပါ့မလားဆိုပီး စိုးရိမ်စိတ်တွေဖြစ်ပွားခြင်း၊ ပထမဆုံး ဆေးထိုးခံကြရပီး အစမ်းသပ်ခံမဖြစ်ချင်ဘူးဆိုပီး ကိုဗစ် ကာကွယ်ဆေးမထိုးကြဖို့ ပြောဆိုတာတွေရှိလာပါတယ်။

ဒီလိုအချိန်မှာပဲ အမေရိကန်သမ္မတဟောင်း ၃ ဦးဖြစ်တဲ့ ကလင်တန်၊ ဂျော့ဘုရှ်နဲ့ အိုဘားမားတို့က အဆိုပါ ကာကွယ်ဆေးကို သူတို့အရင်ဆုံး Volunteer လုပ်ပီး အထိုးခံကြမယ်လို့ ကြေညာခဲ့ပါတယ်။ သူတို့ ကာကွယ်ဆေးထိုးနေပုံတွေကိုလဲ ရုပ်သံတွေကနေ ထုတ်လွှင့်ပေးမှာဖြစ်ပီး ပြည်သူတွေ အားလုံး ကာကွယ်ဆေးကို ယုံယုံကြည်ကြည် ထိုးကြဖို့ လှုံဆော်ပေးတာဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်းတွေကတော့ တိုင်းပြည်အတွက် လိုအပ်ချိန်တိုင်းမှာ ကျရာက ကူညီတတ်တဲ့ စစ်မှန်တဲ့ နိုင်ငံချစ်စိတ်ရှိတဲ့ ပြည်သူ့ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လဲ ကမ္ဘာကကော သူတို့ပြည်သူတွေကပါ လေးစားကြရတာဖြစ်ပါတယ်။

Nay Thway

Be the first to comment

Leave a Reply

Your email address will not be published.


*