
အာဆီယံနိုင်ငံတော်တော်များများရဲ့ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေးတွေဟာ တစ်ချိုကနေရာတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ တစ်ချိုကနေရာတွေကျတော့လည်း တောအထပ်ထပ်၊ တောင်အသွယ်သွယ်ကြားထဲမှာ တည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေးက တော်တော်လေးဆိုးဝါးလွန်းလှပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေရဲ့ ဒေသခံတွေကတော့ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်နဲ့ပဲ အကောင်းဆုံးဖြစ်အောင် လုပ်လိုက်ကြပါတယ်။
အပေါ်မှာ မြင်ရတဲ့ ကြိုးတံတားကတော့ အိန္ဒိယနိုင်ငံ၊ Arunachal Pradesh ပြည်နယ်ရှိ Gasheng လို့ ခေါ်တဲ့ ရွာက ရွာသူရွာသားတွေ စုပေါင်းတည်ဆောက်ထားတဲ့ ကြိုးတံတားကြီးဖြစ်ပါတယ်။ ကြိုးတံတားဆိုလို့ အထင်မသေးလိုက်ပါနဲ့။ သေသေချာချာ စနစ်တကျ ကြိမ်ပင်ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ ကြိုးတံတားဖြစ်ပါတယ်။ Gasheng ရွာသားတွေက ဒီကြိုးတံတားကြီးကို သူ့တို့ရွာက ကလေးတွေ ကျောင်းသွားလို့ရအောင် တည်ဆောက်ပေးထားတာ ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။
ကလေးတွေသွားရတဲ့ ကျောင်းကတော့ Gasheng ရွာနဲ့ ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ Kaying လို့ ခေါ်တဲ့ မြို့မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဒီလို Gasheng ရွာသားတွေ တည်ဆောက်ထားတဲ့ ကြိုးတံတားကို Keetthi လို့ အမည်ရတဲ့ Britisg Columbia တက္ကသိုလ်ကျောင်းသူတစ်ဦးက Gasheng ရွာအနီးတစ်ဝိုက် လာလည်ရင်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပြီး သူမရဲ့ Twitter အကောင့်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပို့စ်ကို တွေ့တဲ့ လူတိုင်းဟာ Gasheng ရွာသားတွေရဲ့ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်နဲ့ တီထွင်နိုင်စွမ်းကို ချီးကျူးအံ့သြနေကြကြောင်း သိရပါတယ်။
Leave a Reply