
ခရီးသွားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ဆိုပြီး ပေါက်တူးတစ်ချောင်းနှင့် ဆွမ်းခံရင်း လမ်းဖောက်တဲ့ ဦးဇင်း
အများလျှောက်ဖို့အတွက် ဆွမ်းခံရင်း လမ်းဖောက်တဲ့ ဦးဇင်း စစ်ကိုင်းတိုင်း တစ်နေရာ လမ်းပေါ်မှာ သပိတ်တစ်လုံးနှင့် ဆွမ်းချိုင့်တစ်လုံးချထားတာတွေ့တယ်။ဘယ်သူမှလည်း မစေခိုင်း၊ဘာအဖိုးအခမှလည်း မရဘဲရဟန်းတစ်ပါးက သူဆွမ်းခံကြွချိန်မှာ မိုးရေနှင့် လမ်းတွေပြိုကျနေတာခရီးသွားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ဆိုပြီး ပေါက်တူးတစ်ချောင်းနှင့် လမ်းပြင်နေလေရဲ့။
ကားပေါ်ကဆင်းပြီး လျှောက်သင့်တာလျှောက်၊လုပ်သင့်တာလုပ်ပြီးတော့ “တကာကြီး၊ ဦးဇင်းမျက်နှာပုံနှင့် ဘွဲ့ကိုတော့ မတင်နှင့်နော်၊သံဃာတော်တွေအားလုံး ဒီလိုလုပ်တတ်ကြပါတယ်လို့ပဲ အမှတ်သညာပြုကြပါစေ” တဲ့။
စောစောက လမ်းမှာအမှိုက်ရှင်းနေတဲ့ကိုယ်တော်တစ်ပါးကိုလည်း ကိုယ်နှင့်အတူပါလာတဲ့ အဖွဲ့ဝင်တစ်ယောက်က ဝတ္ထုငွေဆင်းလှူတာကို“ဒကာမကြီး လှူချင်ရင် ရှေ့ဂိတ်နားကကျောင်းမှာပဲ သံဃိက ရည်မှန်းပြီးလှူခဲ့လိုက်တော့” တဲ့။
ဘုရားသားတော်များဟာ သံသရာက လွတ်မြောက်တဲ့လမ်းကို ဖော်ထုတ်ပြသာတာသာမက ပကတိ လောကမှာ ပိတ်ဆို့နေတဲ့ လမ်းတွေကိုပါ ဖြောင့်ဖြူးဖို့ဝါယမစိုက်ထုတ်တော်မူကြတာပါလား ဆိုတဲ့ကြည်ညိုစိတ်လေးကိုတော့ မျှဝေလိုက်ပါရစေ။
Credit Original
Leave a Reply