အနှစ်၃၀အိမ်ထောင်သက်တမ်းရှိတဲ့ခင်ပွန်းသည်အပေါ်ပြတ်ပြတ်သားသားလက်စားချေနိုင်ခဲ့တဲ့ ၅၆ နှစ်အရွယ်အမျိုးသမီး

ကွာရှင်းခြင်းခေါင်းစဉ်က အလွန်ရင့်သီးလွန်းတာကြောင့် အချို့အမျိုးသမီးတွေဟာ အခက်အခဲများကြားမှ ရက်စက်ကြမ်းကြုတ်တဲ့ဆက်ဆံမှုတွေနဲ့အတူ နေထိုင်နေကြရပါတယ်။တရုတ်နိုင်ငံရှိ Henan ပြည်နယ်မှ Su Min အမည်ရှိတဲ့အသက် ၅၆ နှစ်အရွယ်အိမ်ရှင်မတစ်ဦးဟာ အိမ်ထောင်သက်တမ်းအနှစ် ၃၀မှာ ခင်ပွန်းကိုထားခဲ့ပြီး သူမဘဝကိုပြောင်းလဲပေးမယ့်ခရီးစဉ်ကို သူမကိုယ်တိုင်စဖောက်ပစ်ခဲ့ပါတယ်။

Su Minရဲ့ခင်ပွန်းဟာဒေါသထွက်တဲ့အခါတိုင်း မကြာခဏဆိုသလို ရက်စက်ကြမ်းကြုတ်စွာ သူမကိုရိုက်နက်ခဲ့ပါတယ်။မပျော်ရွှင်တော့တဲ့အိမ်ထောင်ရေးကြောင့် သူမဟာ စိတ်ကျရောဂါအတွက် ဆေးဝါးတွေ သုံးစွဲခဲ့ရပြီး အဲ့လိုကိစ္စဖြစ်တိုင်း သူမရဲ့သမီးနဲ့မြေးတွေအတွက် သူမဒေါသကိုမျိုသိပ်ထားခဲ့ပါတယ်။Suဟာ ပြီးခဲ့တဲ့နှစ်က တစ်ညမှာ Onlineဝတ္ထုတွေကို ရှာနေတုန်း ခရီးစဉ်အတွေ့အကြုံတွေကိုမျှဝေတဲ့ ဘလော့ဂါတစ်ယောက်ကို တွေ့ခဲ့ပြီး သူမလည်း အဲ့ဒီအရာကိုလုပ်နိုင်လိမ့်မယ်လို့တွေးကာ သူမရဲ့မဟာစီမံကိန်းကို စတင်ခဲ့ပါတယ်။

မြေးတွေ နေ့ကလေးထိန်းကျောင်းစတက်တာနဲ့တစ်ပြိုင်နက် သူမထွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ရင်း Suဟာ တိတ်တဆိတ်နဲ့တစ်နှစ်ကြိုတင်ပြင်ဆင်ခဲ့ပြီး ခရီးစဉ်အကြံဉာဏ်တွေကို Onlineမှာရှာဖွေနေခဲ့ပါတယ်။သူမအတွက် အသုံးဝင်တဲ့ပစ္စည်းကိုတွေ့ရင် ချက်ချင်းဝယ်စုထားခဲ့ပြီး Su ဟာ ခရီးစဉ်အတွက် ငွေစုရင်း သမီးဖြစ်သူဆီ ကားတစ်စီးဝယ်ဖို့ငွေအချို့လည်းချေးယူခဲ့ပါသေးတယ်။

၂၀၂၀ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ သူမရဲ့မြေးကျောင်းစတက်နိုင်ပြီဆိုတာနဲ့ သူမရဲ့ဘဝပြောင်းလဲမှုခရီးစဉ်ကိုစတင်ဖို့ အိမ်မှထွက်ခွါခဲ့ပါတယ်။လွန်ခဲ့တဲ့၂လအတွင်း သူမရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သူမရဲ့မှတ်တမ်းတွေကို အခြားအမျိုးသမီးတစ်ဦးက ဖော်ပြပေးထားတာကို တွေ့ခဲ့ရပါတယ်။

Su ဟာ ခင်ပွန်းသည်နဲ့အတူဆက်လက်နေထိုင်နေသေးရင် သူမသေသွားနိုင်တယ်လို့ထင်တာကြောင့် ဒီခရီးစဉ်ကို ကိုယ်တိုင်စတင်ခဲ့ပြီရ အခုလက်ရှိမှာတော့ သူမဘဝဟာ ကျေနပ်ရောင့်ရဲမှုရှိပြီး ခံစားချက်လည်း အများကြီးပိုကောင်းလာတယ်လို့ဆိုထားပါသေးတယ်။

Suက သူမနဲ့ဘဝတူတဲ့ အခြားအမျိုးသမီးတွေကို အိမ်မှာဘဲနေပြီး ဒေါသထွက်ရင်း အချိန်တိုင်းညည်းညူနေတာက ဘာမှအကျိုးမထူးလာတာကြောင့် သူမလို အရဲစွန့်ပြီး စိတ်ထွက်ပေါက်ရအောင် ခရီးထွက်ကြဖို့ အကြံပေးခဲ့ပါသေးတယ်။သူမကို ခင်ပွန်းသည်အကြောင်းမေးတော့ သူမရဲ့မကျေနပ်မှုတွေက စာနာသနားမှုအဖြစ်သို့ပြောင်းလဲသွားတော့မှ သူမခင်ပွန်းဆီပြန်လာခဲ့မယ် လို့ ပြတ်ပြတ်ဘဲပြန်ဖြေပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*