ခါးအရိုး ကျိုးအက်သွားတာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ ချစ်သုဝေရဲ့ ကျန်းမာရေး အခြေအနေ

ခါးအရိုး ကျိုးအက်သွားတာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ ချစ်သုဝေရဲ့ ကျန်းမာရေး အခြေအနေ

နိုင်ငံကျော် အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှု ကိုယ်စီ ရရှိနေသလို စိတ်ထားပြည့်ဝပြီး အများအကျိုး သယ်ပိုးတတ်တဲ့ လေးစားဖွယ်စိတ်ဓာတ်ကြောင့် ပရိသတ်တွေက ချစ်ခင်အားကျနေရတာ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေက စိတ်တူကိုယ်တူရှိကြတဲ့ ဇနီးမောင်နှံပီပီ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူတကွ ပုံဖော်ထားကြသလို စီးပွားရေးအလုပ်၊ လူမှုရေးအလုပ်တို့မှာလည်း ညှိနှိုင်းစရာမလိုလောက်အောင် သဘောထားချင်း ထပ်တူကျတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေပြီး ခေတ်သစ်ဖောင်းဒေးရှင်းနဲ့အတူ ကိုဗစ်တိုက်ဖျက်ရေးမှာ လိုအပ်တဲ့ ဆေးဝါးအကူအညီများကို ပေးနေတဲ့ ချစ်သုဝေကတော့ လက်ရှိမှာ ခါးရိုး ကျိုးအက်ဒဏ်ရာကြောင့် ဆေးရုံတက်ရောက်နေရတယ်လို့ သိရပါတယ်။ လှေကားပေါ်က ပြုတ်ကျခဲ့တာကြောင့် ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ လင်းလင်းကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ” ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး :))) Fighting Hon 💕” ဆိုကာ ချစ်ဇနီးကို ပြုစုပေးနေတဲ့ ဓာတ်ပုံလေးနဲ့အတူ ပြောပြခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Be the first to comment

Leave a Reply

Your email address will not be published.


*