ကန်တော်ကြီး၊ ကန်တော်ကလေး ဖြစ်ပေါ်တည်ရှိလာပုံ

လွန်ခဲ့သောနှစ်၂၃၀ခန့် (ခရစ်နှစ် ၁၇၈၅ ခုနှစ်)က ကုန်းဘောင်မင်းဆက်၊ဘိုးတော်ဘုရားလက်ထက် အဝေးရောက် ရန်ကုန်မြို့ဝန် ဦးရွှေရေးသည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံပြီး တိုင်းပြည်ရေးရာ၌ လိမ္မာပါးနပ်သူ တစ်ဦးဖြစ်၍မြို့ကိုပြု ပြင်ခြင်း၊ စစ်နှင့်ပက်သက်သော အရေးအရာများကို ဂရုစိုက်လေသည်။


ဆင်များကိုလည်း အမြဲ အစွယ်ချွန်စေ၏။ မြို့သူ၊ မြို့သားများ၏ ကျန်းမာရေးအတွက်ရေကောင်းရေသန့် သောက်သုံးရန်အတွက် သိင်္ဂုတ္တရတောင်ကုန်း၏ ဆင်ခြေလျှော အရပ်တွင် ရေကန်ကြီးတစ်ကန် တူးဖော်ခဲ့လေသည်။

ထိုအခါ မနာလိုသူများမှ ဘုရင့်ရွှေနားတော်ကြား ဦးရွှေရေး စစ်ပြင်၍ထီးရပ်နန်းရန် လုပ်ကြံပါလိမ့်မည် ဟုတင်လျှောက်လေသည်။ ဘုရင်မင်းမြတ်မှ ဦးရွှေရေးအား ခေါ်တော်မူပြီး စစ်ကြောမေးမြန်းတော်မူသောအခါ ရေကန်ကြီးတူးရခြင်းမှာ မြို့သူ၊ မြို့သားများ သောက်သုံးရန်အတွက်ဖြစ်ပြီး၊ ဆင်များအားအစွယ်ချွန်၍ စစ်ရေးလေ့ကျင့်ရသည်မှာ ကုလားဖြူ ရန်မှကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဟုတ်တိုင်းမှန်ရာ သံတော်ဦးတင်ရာ ဘုရင်မင်းမြတ်မှထမ်းမြဲရာထူးကို ပြန်လည်ထမ်းဆောင်စေခဲ့သည်။

၎င်းနောက် ဆင်၊မြင်း ၊ကျွဲ နွားများကို ပိုမို၍ ထားလေသည်။ ၎င်းတိရိစ္ဆာန်များ အသုံးပြုရန်အတွက် နောက်ထပ် ကန်တစ်ကန်ထပ်၍တူးလေသည်။ ၎င်းကန်ကို ကန်တော်ကလေးဟူ၍၎င်း၊ ပထမကန်ကို ကန်တော်ကြီးဟူ၍၎င်း အမည်တွင်စေ၏။ ပန်းပင်များဖြင့် ပြုပြင်ထားလေသည်။ မော်တော်ကားများအားအတွင်းသို့

ဝင်ခွင့်မပြု။ သီတင်းတစ်ပတ်လျှင် တစ်ကြိမ်ကျ အင်္ဂလိပ်ဘင်ခရာဝိုင်းမှဖျော်ဖြေလေသည်။
ယ္ခုအခါ ကန်တော်ကလေးသည် လူနေအိမ်ခြေများဖြင့် ရပ်ကွက်ကြီးဖြစ်နေလေ၏။ ရန်ကုန်မြို့သူ၊ မြို့သားများသည် ကန်တော်ကြီးရေကို ၁၉၀၁ခုနှစ်အထိ အသုံးပြုခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့ကမူ Royal Lake ဟုခေါ်ဝေါ်သုံးစွဲ ခဲ့သော်လည်းမြန်မာ တိုင်းရင်းသား အားလုံးက ကန်တော်ကြီးဟုသာ ခေါ်ဝေါ်ခဲ့ပါသည်။

ကိုးကား။ ။ နဂါးဗိုလ်ထိပ်တင်ဒွေး၏ ရန်ကုန်ရာဇဝင် (၁၉၅၄)

Be the first to comment

Leave a Reply

Your email address will not be published.


*