စောင့်ကြည့်ကင်မရာတွင် သရဲဝင်ပူးနေပုံပေါက်သည့် အိမ်ဖော်ဖြစ်သူကို တွေ့ရှိ (ရုပ်သံ)

စင်ကာပူနိုင်ငံက တိုက်ခန်းတစ်ခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ပိုင်ရှင်အမျိုးသမီးအနေနဲ့ အင်မတန်ထူးဆန်းတဲ့အရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Nurul Bakerလို့်ခေါ်တဲ့ စင်ကာပူနိုင်ငံမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးဟာ သူမအိမ်က စောင့်ကြည့်ကင်မရာတွေကို ပြန်လည်စစ်ဆေးတဲ့အခါ ထူးဆန်းတဲ့အရာတွေကို တွေ့ရှိခဲ့ရပါတယ်။ သူမအိမ်မှာ အလုပ်လုပ်ဖို့ ငှါးရမ်းထားတဲ့ အိမ်အကူအမျိုးဟာ ကင်မရာရှေ့မှာ ထူးထူးဆန်းဆန်းအပြုအမူတွေ လုပ်နေတာပဲဖြစ်ပါတယ်။

အဆိုပါ အိမ်အကူအမျိုးသမီးဟာ နာမည်ကျော် The Ring သရဲကားထဲက သရဲမအတိုင်း ဆံပင်ဖားလျားနဲ့ ထူးထူးဆန်းဆန်းပြုမှုခဲ့တာဖြစ်ပြီး ကြည့်ရှုသူအချို့ကတော့ အဆိုပါအမျိုးသမီးဟာ အိမ်ပြန်ချင်လို့ ဒီလိုစတန့်ထွင်တာဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*