အမေဇုန် တောနက်ထဲက ပွက်ပွက်ဆူနေတဲ့မြစ်

အမေဇုန် တောနက်ထဲက ပွက်ပွက်ဆူနေတဲ့မြစ်စမ်းသပ်ပြီး ခုန်ချလိုက်မယ်ဆိုရင်တော့ ပြုတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။

အံ့သြစရာတွေနဲ့ ထူးဆန်းထွေလာတွေ ပြည့်နှက်နေတဲ့ အမေဇုန်တောနက်ကြီးထဲမှာ နောက်ထပ်ထူးဆန်းတဲ့မြစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ပြန်ပါပြီ။ မြစ်တစ်စင်းရဲ့ နေရာအပိုင်းအခြားတစ်နေရာမှာက ရေတွေဟာ ပွက်ပွက်ဆူနေပါတယ်။

မြစ်တစ်ခုက ပွက်ပွက်ဆူနေတယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ရေတွေ ဆူပွက်ရခြင်းဟာ အလွန်ပူတဲ့ မြေအခံကြောင့်သာ ဖြစ်လေ့ရှိပြီး မီးတောင်နဲ့နီးတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီမြစ်ရဲ့ဧရိယာတဝိုက်မှာလည်း မီးတောင်တွေ ရှိမနေပါဘူး။

မာယန်တူယာကူ အမည်ရှိတဲ့ အဆိုပါမြစ်ရဲ့ လေးမိုင်ခန့် အပိုင်းအခြားဟာ ပွက်ပွက်ဆူနေတဲ့ ရေပူတွေဖြစ်နေကြောင်းကို ဘူမိဗေဒ သိပ္ပံပညာရှင် ရူဇိုက သူ့ရဲ့မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*