ကိုဗစ်ကာကွယ်ဆေး စပေါ်လာတာ အကြောင်းပြုပြီး လိမ်ကြမှာကို သတိထား

ကိုဗစ်ကာကွယ်ဆေး စပေါ်လာတာ အကြောင်းပြုပြီး နောက်လလောက်ဆို လုပ်စားတွေ ပွဲစားတွေက ငွေသိန်းချီတောင်းပြီး မိုးရည်ထိုးပေးတာမျိုး flu shot ကို ကိုဗစ်ဆေးလို့ လိမ်ထိုးပေးတာမျိုး ခံရနိုင်တယ်။ ဝိသမလောဘသမားတွေ အများကြီးရောက်လာပါလိမ့်မယ်။


သတိထားပါ။

သတိထားပါ။

သတိထားပါ။

ဆေးဟာသူဌေးနိုင်ငံတွေ အလုံးရေတွက်ပြီး စာရင်းဇယားနဲ့ လုဝယ်နေကြတာ၊ ဒီအချိန်မှာ ဘယ်နိုင်ငံတကာဆေးကုမ္ပဏီမှ ကျင့်ဝတ်ဖေါက်ပြီး မှောင်ခိုထုတ်ရအောင် မဆင်းရဲပါ။ လောဘဇောမတက်ကြပါ။ ဆေးကုမ္ပဏီဆိုတာ ကျင့်ဝတ်အဓိကလိုက်နာကြပါတယ်။
စတော့ချ်စျေးကွက်မှာ မှတ်ပုံတင်ထားတဲ့ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဟာ အကျင့်သီလရှိရပါတယ်။ မဟုတ်တာလုပ်ရင် ကုမ္ပဏီဦးဆောင်သူတွေ ထောင်ကျသွားမယ်၊ လောဘဇောတက်ရအောင် သူတို့ပိုင်ကုမ္ပဏီတွေမဟုတ်ဘူး ၊ အများပိုင်ကုမ္ပဏီတွေ။ ကုမ္ပဏီအပိတ်ခံရရင် ရင်းနှီးမြုပ်နှံထားသူတွေအများကြီးဆုံးရှုံးကြမယ်၊ ethic ကိုအလွန်အလေးထားပါတယ်။

ဘယ်နိုင်ငံခြားဆေးရုံမှလည်း ကိုယ်ထိုးပေးရမယ့် နိုင်ငံသားကိုကျော်ပြီး ပြင်ပကိုခိုးထုတ်ရောင်းတဲ့ စိတ်ဓါတ်မရှိကြပါဘူး။ ဘယ်သူမှလည်း သူ့ကပ်ရောဂါ သေဘေးက လွတ်ပေးမယ့်ဆေးကို တခြားလူကို ရောင်းမစားပါဘူး။ ချက်ချင်း မြန်မာပြည် မျက်စိလည်ရောက်လာတဲ့အထိလည်း ထုတ်လုပ်တာ မပေါပါ။ လိုအပ်တဲ့ အအေးဒီဂရီ မရရင်၊ သယ်ယူပုံမမှန်ရင်လည်း အဟောသိကံဖြစ်ပြီး ရေထိုးထည့်ရသလို အာနိသင်မရှိပါ။

ကာကွယ်ဆေးအတုထိုးမိပြီး တကယ် ကာကွယ်ဆေးထိုးပြီးပြီအထင်နဲ့ ပေါ့ဆမှုဖြစ်ခဲ့ရင် မိမိနဲ့ မိမိချစ်ခင်သူအားလုံး ကိုဗစ် ကူးစက်ခံရပါမယ်။

သတိထားကြပါ။

အစိုးရကလက်ခံအတည်မပြုသေးတဲ့ ကာကွယ်ဆေး မဟုတ်ပါက ၆ လအတွင်း ဘယ် ကိုဗစ်ကာကွယ်ဆေးမှ မထိုးကြပါနဲ့။ မယုံကြပါနဲ့။
“ပြည်သူအများ လိမ်ညာခံရခြင်းဘေးမှ ဝေးစေဖို့ Copy သို့ ရှယ်နိုင်ပါသည်။ “

 

Kyaw Swa Min

Be the first to comment

Leave a Reply

Your email address will not be published.


*