ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး မိဘများ

ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာပညာပေးအစီအစဉ်တွေအားမကောင်းခင်အချိန်က ကလေးငယ်တွေမှာ စောစီးစွာကိုယ်ဝန်ဆောင်တဲ့ဖြစ်ရပ်တွေ များပြားခဲ့ပါတယ်။ အဲဒီလို အသက်မပြည့်သေးဘဲ မိဘနေရာ ကိုရောက်ခဲ့တဲ့ ကလေးတွေထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်ချို့ဇီဝဖြစ်စဉ်တွေအရ မိခင်ကအမွှာမွေးချိန်မှာ သန္ဓေသားတွဲပါလာပြီး ကလေးဗိုက်ထဲမှာ နောက်ထပ်သန္ဓေသားရှိနေ တဲ့ဖြစ် ရပ်တွေလည်းရှိတယ်လို့သိရပါတယ်။ အခုဖော်ပြမှာကတော့ အဲဒီလိုထူးခြားတဲ့ဖြစ်စဉ်နဲ့ သမိုင်း တစ်လျှောက် အသက်အငယ်ဆုံးမိဘဖြစ်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့ တဲ့ ကလေးတွေ အကြောင်းပဲဖြစ်ပါတယ်။

လီနာဗန် (သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးမိခင်)

သူမကတော့ အသက် ၅နှစ်နဲ့သားယောက်ျားလေးမွေးဖွားခဲ့ပြီး သမိုင်းတစ်လျှောက်အသက်အငယ်ဆုံး မိခင်ဖြစ်ခဲ့တဲ့ ပီရူးဗီးယန်းမိန်းကလေး Lina Vanessa Medina (လီနာဗန်နဆာမဒီနာ) ဖြစ်ပါတယ်။ ဒါကြောင့်သူမက ဒီနေ့အချိန်အထိ အသက်အငယ်ဆုံးမိခင်အဖြစ် ဂင်းနစ်မှတ်တမ်းမှာရှိနေပါတယ်။ လီနာကိုယ်တိုင်က ကလေးရဲ့ဖခင်နဲ့ပတ်သက်ပြီး ဘယ်တော့မှထုတ်မပြောခဲ့သလို ကလေးနှိပ်စက်မှုနဲ့ စွပ်စွဲခံရတဲ့သူကိုစုံစမ်းစစ်ဆေးခဲ့တဲ့အခါမှာလည်း သက်သေမခိုင်လုံတာကိုတွေ့ရှိခဲ့ တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့ဆရာဝန်တွေရဲ့လေ့လာစမ်းစစ်ချက်အရ လီနာဟာ စောစီးစွာအရွယ်ရောက်နေပြီး အရွယ်ငယ်ငယ်နဲ့ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမြန်ဆန်နေ တဲ့အတွက် အခုလိုမျိုး ကလေးမွေးဖွားခဲ့တယ်လို့လည်းဆိုပါတယ်။

အယ်ဖီလ် ပတ်တန် (ဗြိတိန်ရဲ့အသက်အငယ်ဆုံးဆယ်ကျော်သက်ဖခင်)

၂၀၁၄ခုနှစ်က ဗြိတိန်ရဲ့အသက်အငယ်ဆုံးမိဘတွေဖြစ်လာမယ့် ဆယ်ကျော်သက်စုံတွဲတစ်တွဲဟာ တစ်နှစ်ကြာဒိတ်လုပ်ခဲ့ပြီးနောက် ကျန်းမာတဲ့သမီးမိန်းကလေးကိုမွေးဖွားခဲ့ပါတယ်။ အဲဒီလိုကလေးမွေးဖွားချိန်မှာ မိခင်ဖြစ်သူက အသက် ၁၂နှစ်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့အသက် ၁၃နှစ်သာရှိပါသေးတယ်။ ဒါပေမဲ့ သူတို့ဟာ မိဘနေရာကိုဂုဏ်ယူစွာနဲ့ပဲခံယူခဲ့ပြီး ဗြိတိန်ရဲ့အသက်ငယ်ဆုံးဖခင်၊ မိခင်ဖြစ်လာခဲ့ပါတယ်။ ဒီစုံတွဲရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲဒီအချိန်တုန်းက လူ့အဖွဲ့အစည်းမှာလက်မခံနိုင်စရာဖြစ်ခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကတော့ သူတို့ရဲ့ကလေးအတွက် တာဝန်ယူဖို့အသင့်ရှိနေပြီးအခြေအနေကိုကြည်ကြည်ဖြူဖြူပဲလက်ခံ ခဲ့ပါတယ်။ ဒါ့အပြင် ဒီစုံတွဲဟာ သူတို့ရဲ့ကလေးကိုအတော်လေးချစ်ကြပြီး ကလေးကိုဂရုစိုက်ရင်းနဲ့ပျော်ရွှင် နေတယ်လို့လည်းသိရပါတယ်။

အလီရှာ ဂရေဆန် (အသက် ၁၃နှစ်အရွယ် ကလေးနှစ်ယောက်မိခင်)

ဗြိတိန်က အသက် ၁၃နှစ်အရွယ် Alleshia Gregson (အလီရှာဂရေဆန်)ဆိုသူမိန်းကလေးဟာလည်း ကလေးနှစ်ယောက်မွေးထားပြီးအသက်အငယ်ဆုံးမိခင်အဖြစ်ရှိနေပါတယ်။ သူမအနေနဲ့ ဒီလိုအအရွယ်ငယ်စဉ်မှာ ကိုယ်ဝန်ဆောင်တာနဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ပုတ်ခတ်တာမျိုးတွေ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာသူမကိုထောက်ပံ့ပေးမယ့်ချစ်သူကိုတွေ့ရှိခဲ့တဲ့အတွက် ကျောင်းထွက်ပြီး သားယောက်ျားလေးတစ်ယောက်ကိုအရင်ဆုံးမွေးဖွားနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ မရှေးမနှောင်းမှာပဲနောက်ထပ် သားယောက်ျာလေးတစ်ယောက်ထပ်မွေးခဲ့သလို သူမရဲ့ချစ်သူဆိုသူနဲ့လည်းလမ်းခွဲခဲ့ပါတယ်။ အတွေ့အကြုံနဲ့ရင့်ကျက်မှုမရှိသေးတဲ့ ငယ်ရွယ်စဉ်မှာတစ်ခုခုကိုဆုံးဖြတ်ချက်ချဖို့ဆိုတာအလွန်ပဲခက်ခဲလှပါတယ်။ အဲဒီလိုပဲ Alleshia ဟာ ဖခင်ရဲ့ပံ့ပိုးမှုမပါဘဲ မိခင်တစ်ယောက်အနေနဲ့ ကလေးကိုပြုစုပျိုးထောင်ဖို့အတော်လေး ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ သူမကတော့ ကလေးပြုစုပျိုးထောင်ရေးတွေကိုလေ့လာသင်ကြားနေပြီး သူမရဲ့ကလေးကိုစောင့်ရှောက်ပေးနိုင်ဖို့မျှော်လင့်နေပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်လည်း ဒီလိုအရွယ်ငယ်တဲ့ အခြားမိခင်တွေကိုပါကူညီပံ့ပိုးပေးနေတယ်လို့လည်းသိရပါတယ်။

 

ဂျိမ်းစ် နဲ့ ဆာရာ (ငယ်ရွယ်လွန်းတဲ့အချစ်နဲ့ မိဘတွေဖြစ်လာတဲ့စုံတွဲ)

James Sutton(ဂျိမ်းစ်ဆက်ဒန်) နဲ့ Sarah Drinkwater (ဆာရာ ဒရင့်ဝါးတား) တို့စုံတွဲဟာငယ်ရွယ်စဉ်မှာပဲချစ်ခင်စုံမက်ခဲ့ကြပြီး သာယာချမ်းမြေ့တဲ့မိသားစုဘဝကိုထူထောင်ခဲ့ကြပါတယ်။ ဂျိမ်းဟာ အသက် ၁၂နှစ်သာရှိသေးပြီး ဆာရာကလည်း အသက် ၁၆နှစ်သာရှိသေးတဲ့ဆယ်ကျော်သက်မိခင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်လုံးမှာ မိသားစုဘဝထူထောင်ဖို့ကိုယ်စီဆန္ဒရှိနေကြတဲ့အတွက် စေ့စပ်ပြီးသိပ်မကြာခင်မှာပဲ အမွှာလေးတွေကိုမွေးဖွားခဲ့တယ်လို့လည်းသိရပါတယ်။

ဂရီဆယ်ဒါအခူနာ (အရွယ်ရောက်စောလွန်းတဲ့ ကိုလံဘီယာမိခင်)

သူမကတော့ အသက် ၈နှစ်အရွယ်နဲ့မိခင်တစ်ယောက်ဖြစ်နေတဲ့ ကိုလံဘီယာမိန်းကလေး (ဂရီဆယ်ဒါအခူနာ) Griseldina Acuna ဆိုသူပဲဖြစ်ပါတယ်။ သူမဟာကျန်းမာတဲ့သားယောက်ျားလေးကိုမွေးဖွားခဲ့ပြီး ကလေးက မွေးဖွားစဉ်မှာ ၅ဒသမ ပေါင်းကျော်ရှိခဲ့တယ်လို့သိရပါတယ်။ သူမရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကြောင့် လိင်အင်္ဂါဖွံ့ဖြိုးမှုစောတဲ့အတွက် အခုလိုအသက်ငယ်ငယ်နဲ့ကျန်းမာတဲ့ကလေးကိုမွေးဖွားနိုင်ခဲ့တာပါ။ ဒါ့အပြင် ဂရီဆယ်ဒါဟာ မိသားစုဝင်တွေရဲ့အသိမိတ်ဆွေတစ်ယောက်နဲ့ လက်ထပ်ပြီးသိပ်မကြာခင် မှာပဲ သားယောက်ျားတစ်ဦးကိုမွေးဖွားခဲ့တယ်လို့လည်းသိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးတစ်ယောက်ရဲ့ဘဝဟာဖြူစင်ပြီး အပူအပင်အကင်းဆုံးအချိန်ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဒီအချိန်လေးတွေကိုမပျက်စီးအောင် လူကြီးမိဘတွေနဲ့တတ်ကျွမ်းနားလည်သူတွေက အသိပညာပေးပြီးဝိုင်းဝန်းကာကွယ်စောင့် ရှောက်ဖို့လိုတဲ့အကြောင်းဖော်ပြပေးလိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*