
Isabell က သူမရဲ့ အကြောင်းကို ပြန်လည်ပြောပြရာ မှာတော့ ” ကျွန်မ နဲ့ Bayram ဟာ Facebook မှာ စတင်တွေ့ဆုံခဲ့ကြ ပါတယ်။ ကျွန်မက Bayram ကို လူမှားပြီး စကားသွားပြောခဲ့ပေမယ့် Bayram ကလည်း လူမှားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုကြရင်း ခင်မင်ရင်းနှီး သွားခဲ့ပြီး နောက်ရက်တွေ မှာတော့ နေ့တိုင်း စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ တခါတလေ မနက် ၃ နာရီ ထိတောင် စကားတွေပြောဖြစ် ခဲ့ကြပါတယ်။
အသက် ကွာခြားမှုကြောင့် ကျွန်မ သူ့ကိုသံသယ ဖြစ်စရာတွေရှိပေမယ့် သူ့အနေနဲ့ ကျွန်မကိုပိုက်ဆံတောင်းတာမျိုးလည်း မရှိသလို ဘာမှတောင်း ဆိုတာတွေ မရှိခဲ့ဘူး။ သူက ကျွန်မသူ့ဆီသွားနေ မှာလား ဒါမှမဟုတ် သူက ကျွန်မ ဆီကိုလာနေရမှာလားဆိုတာ သူ့အတွက် အရေးကြီးမနေခဲ့ဘူး။ ကျွန်မက အင်္ဂလန်မှာရှိတဲ့ မိသားစုကိုမခွဲနိုင်တာကြောင့် အင်္ဂလန်မှာပဲ နေချင် ခဲ့ပါတယ် ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။
သူတို့ဟာ အင်္ဂလန် မှာနေထိုင်ဖို့ စီစဉ်ထား ခဲ့ကြပေမယ့် ကိုရိုနာ ဗိုင်းရပ်ကပ်ဘေးကြောင့် လေကြောင်း လိုင်းများ ကန့်သတ်ထားရာမှ လတ်တလော မှာတော့ တူနီးရှားမှာပဲ ဆက်လက် နေထိုင်နေကြပါတယ်။ အ မျိုးသမီး တစ်ဦးဟာ သူမ ထက် အသက် ၃၇ နှစ် ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ Facebook ပေါ်မှာ လူမှားပြီး စကားပြောခဲ့ ရာမှ အဆိုပါကောင်လေး နှင့် ခင်မင်ရင်းနှီး သွားခဲ့ပြီး ချစ်ကြိုက် သွားခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ Kent ဒေသမှ အဆိုပါအမျိုးသမီးရဲ့နာမည်ကေ တာ့ Isabell Dibble ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ Isabell ဟာ ပြီးခဲ့တဲ့ နှစ် မေလမှာ အသက် ၂၆ နှစ်အရွယ် Bayram Boussada ဆိုတဲ့ အမျိုးသား ကို Facebook မှာ စ add ခဲ့ပြီး သူငယ်ချင်း ဖြစ် သွားခဲ့ ကြပါတယ်။ အစပိုင်း မှာတော့ Isabell ဟာ Bayram ကို သူမ တူနီးရှား မှာ အားလပ်ရက် ခရီးသွားခဲ့စဉ် က လူတစ်ယောက်နဲ့ အထင်မှားပြီး စကားသွားပြောခဲ့ပါတယ်။
Bayram ကလည်း Isabell အနေနဲ့ လူမှားနေတာဖြစ်ကြောင်း စကားအပြန်အလှန် ပြော ဆိုကြရင်း နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် လူချင်းတွေ့ဆုံခဲ့ကြပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ Bayram ဟာ Isabell ကို လက်ထပ်ခွင့် တောင်း ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ သူတို့ နှစ်ဦးဟာ Bayram နေထိုင်တဲ့ တူနီးရှား မှာ လက်ထပ်ခဲ့ ကြပါတယ်။
Leave a Reply