ဖုတ် ဝင်နေတယ်ဆိုပြီး အမေအို တစ်ဦးရဲ့ အလောင်း ကို ရင်ခွဲရုံမှာ စစ်ဆေးကြည့် လိုက်သော အခါ

ဖုတ် ဝင်နေတယ်ဆိုပြီး သေတဲ့ အမေအိုတဈဦးရဲ့ အေလာင်းကို ရင်ခွဲရုံမွာ စဈေဆးကြည့်လိုက်သောအခါ “မသိလိုက်သော ပဉ္စာနန္တိယကံ ” တကယ် ဖုတ် မဟုတ်ပဲ မိဘအရင်းကို ဖုတ် ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြဈေစ သူတဈပါးကို လုပ်ခွင့်ပေးသည်ဖြဈေစ အဲ့ဒီသားသမီး မသိလိုက်သော ပဉ္စာနန္တိယကံကြီး ထိုက်ပါတယ်။

ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားအိုတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ ဒီအနေအထားက သားသမီးတွေ ငြိုငြင်ရုံတင်မက မြန်မြန်ပင် သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး။ ပြုစုတဲ့သူတွေက ရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့ အဖိုး အဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကောင်းတုန်း။ အိပ်ယာထဲ လဲနေပေမယ့်

အစားကို ကောင်းကောင်းစားနိုင်ပါတယ်။ အဲ့ဒီလို စားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပတ်ဝန်းကျင်က ” ဖုတ်ဝင်နေပြီ ” တဲ့။ အသက်ကကြီး ရောဂါကနာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာပြီလေ။ လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်းဆိုတော့ ညသန်းခေါင်အချိန်ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက မဝသေးဘူးဆိုပြန်တော့ အစားများရင်

ချေး ( ချီး ) ထွက်မယ်ဆိုပြီး ပန်းကန်သိမ်းသွားလေတယ်။ သူတို့ကျွေးတာ စားနေရတဲ့ဘဝဆိုတော့ ထပ်ပြီးမပြောရဲတော့ ငြိမ်နေလိုက်တယ်။ ကိုယ်ကိုယ်တိုင် အဖိုးအဖွားနေရာရောက်ရင် အဲ့ဒီဒုက္ခ တွေ့ရပါလိမ့်မယ်။ သားသမီးတွေ အိပ်ကုန်ပြီအထင်နဲ့ ဗိုက်ကလည်း တအားဆာလာတာကြောင့် သားသမီးတွေကို မနှိုးရဲတော့။ ဖင်တွန်းဖင်တွန်းနဲ့ မီးဖိုချောင်ဆီကို တရွေ့ရွေ့ အဲ့ဒီအချက်ကပဲ ဖုတ်ဝင်နေပြီလို့ စွပ်စွဲစရာဖြစ်သွားတယ်။

ဇရာဒဏ် ရောဂါဒဏ် ဖိစီးနေတော့ ကြောင်အိမ်ကိုအားပြုပြီး တဖြည်းဖြည်းထလိုက်တယ်။ ဖေးမမယ့်သူ မရှိဘူးဆိုတဲ့အသိကြောင့်သာ အားတင်းပြီး ရပ်နိုင်တာ။ ဖေးမမယ့်သူ တစ်ယောက်လောက်သာ တွေ့ရရင် ချက်ချင်းလဲကျသွားမှာ အမှန်ပါ။အဲ့ဒီအချိန် မသင်္ကါစိတ်ဝင်နေတဲ့ သားသမီးတစ်ယောက်က မီးဖိုချောင်မှာ အသံကြားတာနဲ့ ထလာပြီးလာကြည့်တဲ့အချိန် ကြောင်အိမ်ထဲက တွေ့တဲ့ငါးဟင်းကို ယူစားနေတဲ့ အမေအိုကိုတွေ့လိုက်တော့

အိပ်ရာပေါ်က မထနိုင်တဲ့လူမမာ ဘယ်သူမှမသိအောင် သန်းခေါင်အချိန်မှာ သူ့ဟာသူလထစားနေတာဟာ ဧကန္တ ဖုတ် ဆိုတာများလား။ အဲ့ဒီအချိန်မှာ ” အမေ ဘာလုပ်နေတာလဲ ” လို့ မေးရော သားသမီးကို ရုတ်တရက် တွေ့လိုက်ရတဲ့အမေအိုဟာ ငါ့ကိုဖေးမမယ့် သားရောက်လာပြီဆိုပြီး အားကိုးတဲ့အနေနဲ့ တင်းထားတဲ့စိတ်ကို လျှော့ချလိုက်တာနဲ့ ခွေကနဲ လဲကျသွားတော့တယ်။

အဲ့ဒီအချက်က ဖုတ် ဝင်တာသေချာပြီလို့ အဆုံးအဖြတ် ပေးလိုက်သလိုပါပဲ။ အဲ့ဒီနေ့ကစပြီး ဆရာပင့်ပြီး ဖုတ် ထုတ်တော့တာပါပဲ။ ဆရာက အမျိုးမျိုး ဆေးစွမ်းရော လက်စွမ်းရော ပြပေမယ့် ဖုတ် မှမဟုတ်တာ ဘယ်လိုလုပ် ဖုတ် ထွက်မလဲ။ နောက်ဆုံးမှာ ဆရာက သူ့သိက္ခာကျမှာဆိုးလို့ လူနာရှင်ကို ခံဝန်လုပ်ခိုင်းပါတော့တယ်။ ဒီ ဖုတ် က စက်အာဏာအတော်ကြီးပြီဖြစ်လို့ တော်ရုံနဲ့လုပ်လို့ရမှာမဟုတ်ဘူး။

” နောက်ဆုံးအဆင့် စက်ဖြတ်ဆေး တိုက်မှရတော့မယ်။ အဲ့ဒါလူနာရှင် အာမခံပေးပါပေါ့ ” ။ သားသမီးတွေက အသိဉာဏ် ဗဟုသုတ ကလည်းမရှိ လူနာအမေအိုကို စိတ်ပျက်တဲ့အခံနဲ့ ဆရာကို တဖက်သတ် ယုံကြည်ပြီး ခံဝန်လုပ်ပေးလိုက်တယ်။ သူတို့သဘောတူပြီးလို့ ကုတာပါပေါ့။ ဆရာရဲ့ နောက်ဆုံး စက်ဖြတ်ဆေးလည်း တိုက်ပြီးရော လူနာအမေအိုခမျာ လူးလိမ့်နေအောင် ခံစားလိုက်ရတယ်။

ဒါကိုပဲ လူနာမှာဝင်ပူးကပ်နေတဲ့ ဖုတ် က ဆရာရဲ့ စက်ဖြတ်ဆေးတော်ကြီးအစွမ်းကို ဘယ် ဖုတ် အမျိုးအစားမှ မခံနိုင်ပါဘူးဆိုပြီး ဂုဏ်ယူဝင့်ကြွားနေတယ်။ တစတစနဲ့ လူနာအမေအို ရုန်းကန်လူးလွန့်နေရာက တဖြည်းဖြည်းနဲ့ ငြိမ်းကျသွားပါတော့တယ်။ ရက်ရှည်လများ လူနာမှာ စွဲကပ်ပြီးညာစားနေတဲ့ ဧရာမနောက်ဆုံးအဆင့် ဖုတ် ထွက်သွားပါပြီ။ အဲ့ဒီကျေးရွာမှာ တာဝန်ကျနေတဲ့

ကြောင်းဆရာမေလးက ဒီဖြဈစဉ်ကို မြကေနပ်တာနဲ့ မြို့ကသူ့သူငယ်ချင်းဆရာဝန်ကို အေကြာင်းကြားတော့ ဆရာဝန်က အေလာင်းကို ရင်ခွဲရုံမွာ စဈေဆးလိုက်တော့မွ အဖြေပေါ်တော့တယ်။ လားလား အောက်လမ်းဆရာရဲ့ စက်ဖြတ်ဆေးက စွမ်းမွာပေါ့ ကွှက်သတ်ဆေးတွေ ဖြဈနေတာကိုး။ တိုတိုပြောရရင် အောက်လမ်းဆရာကလည်း လူသတ်မှုနဲ့ ထောင်ကသြှားတယ်။ တိုတိုပြောလို့မရတာက ပဉ္စာနန္တိယကံကို ကြူးလွန်လိုက်တဲ့ သားသမီးတွေ သိလို့ပဲဖြဈဖြဈ မသိလို့ပဲဖြဈဖြဈ ဒီကံအတွက် ပေးဆပ်ရမယ့် အပြဈေကွှးက မေသးဘူးဆိုတာ သားသမီးတိုင်း သိရွိနိုင်ကြပါစေ။ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကိုဖတ်ပြီး အိမ်မှာမိမိတို့ရဲ့ မိဘနေမကောင်းဘူးဆိုရင် သူများပြောတိုင်း မယုံပါနဲ့ ရပ်ထဲရွာထဲကဒေါက်တာရမ်းကုတွေနဲ့လည်း မပြကြပါနဲ့။တတ်သိနားလည်တဲ့ ဆရာဝန်နှင့် သေချာပြပြီးမှ ဆုံးဖြတ် ချက်ချပါနော်။ မိဘကိုတစ်ကယ်ချစ်ရင် အလွယ်မဆုံးဖြတ်ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာအေးချမ်းတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*