လူတစ်ယောက် ရဲ့ နာမည် ကို သိ ရုံ နှင့် စိတ် အခြအနေ သိနိုင်အောင် တွက်ကြည့် နည်း

မြန်မာ့ ရိုးရာလက်ဆန်းနည်းလေး တန်ဖိုးထား မြတ်နိုးသော အားဖြင့်ပြန်လည် မျှဝေရေးသားပေး လိုက်ရတာပါ။ မှန်တယ် မမှန်ဖူးဆိုတာတော့ မိတ်ဆွေများ ကိုယ်တိုင်တွက်ကြည့် ကြစေချင်ယုံပါ ခင်ဗျာ…..

နည်းလေးကတော့ လူတိုင်း ကိုယ်တိုင်တွက် လို့ အဆင်ပြေကြမယ် ထင်ပါတယ်

အောက်ဖေါ်ပြပါ ဥပဒေသကို မှတ် ထားပါ။

အ ၊အာ ၊ဥ ၊ သြ ၊ ဧ ျ= ၁

က ၊ ခ ၊ ဂ ၊ ဃ ၊ င = ၂

စ ၊ ဆ ၊ ဇ ၊ ည ၊ဈ = ၃

ရ ၊ ယ ၊ လ ၊ ၀ = ၄

ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ = ၅

သ ၊ ဟ = ၆

ဋ ၊ ဍ ၊ ဎ ဏ ၊ တ ၊ ထ ၊ ဒ ၊ဓ ၊ န = ၇

အမည် အားလုံးပေါင်းလို့ ရသောဂဏန်း သချာင်္ကို ၉ ဖြင့်စား။ အကြွင်း ကို အဟောတိုင်း ဖတ်ကြည့် ယုံပါ။

သင့်ရဲ့လူသိများသော အမည်ကို အောက်ပါအတိုင်းတွက်ပါ။

ဦး၊ကို ၊မောင်၊ဒေါ်၊မ ဆိုတာတွေ ဖြုတ်တွက်ရမှာပါ…

(ဥပမာတွက်ပြမယ်)

ကျော်မျိုးလွင် = ၂ + ၅ + ၄ = ၁၁

၁၁ ÷ ၉ = ၂

အကြွင်းဂဏန်း ၂

၂ ကြွင်း အဟောကို ဖတ်ကြည့်ယုံပါပဲ

(၁ ) ကြွင်း

သင်သည် ၁ ဂဏန်းရပါက စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြင်းထန် သူဖြစ်၏။ ပြတ်သားထက်မြတ်သော စိတ်ဓာတ် ရှိသူဖြစ်၏။ လမ်းရိုးလမ်းဟောင်းကို မလိုက်တတ်ဘဲ ဆန်းသစ်တီထွင်တတ်သူဖြစ်၏။ အယူအဆ ခိုင်မာရျ် ခေါင်းမာသူ လည်းဖြစ်၏။ လက်တွေ့ဆန်ဆန် ပြုလုပ်တတ်သူလည်းဖြစ်၏။ ပျော်ပျော်ရွှင်ရွှင်နေတတ်၏။ ကျန်းမာရျ် ခံနိုင်ရည်ရှိသောသူဖြစ်၏။ သူတစ်ပါးအပေါ် စာနာတတ်ရျ် ကူညီတတ်သူလည်းဖြစ်၏။

သို့သော် တုန့်ပြန်မှု၊ ကျေးဇူးပြုမှုကိုမူ မရတတ်ပေ။ အထူးသဖြင့် ဆွေမျိုးသားချင်းများ၏ ဂရုပြုမှု၊ အလေးထားမှုများ မခံစားရတတ်ပေ။ မိတ်ဆွေကို အကဲခတ်ရျ် ဝေဖန်ရန် များစွာခက်၏။ အများနှင့် တပူးတွဲတွဲ မနေတတ်ပေ။ လွတ်လပ်စွာနေရျ် လွတ်လပ်စွာ တွေးခေါ် တတ်သူဖြစ်၏။ ခေါင်းမာသော်လည်း သည်းခံတတ်၏။ မိတ်ဆွေ၏ ပင်ကိုယ်အရည်အချင်း တစ်ခုကို အများသူငါက တွေ့မြင်ပေလိမ့်မည်။

ယုံကြည်ချက် ပြင်းထန်သည်။စိတ်စွမ်းအင် ကြီးမားသည်။ မိမိ၏ ခံစားမှုကို မပေါ်လွင်အောင် ထိန်းသိမ်းနိုင်သည်။ ပတ်ဝန်းကျင်၏ အထင်လွဲမှုကို မကြာခဏ ခံရတတ်သည်။ မိမိဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်နိုင်သောလူဖြစ်သည်။ သူတစ်ပါးကို အားမကိုးတတ်ပေ။ အတိုချုပ်ဆိုရပါမူ အရည်အချင်းရှိသူတစ်ဦးဖြစ်သည် ။

(၂ ) ကြွင်း

သင်သည် ၂ ဂဏန်းသမားဖြစ်ပါက စိတ်လှုပ်ရှားမှုများသူဖြစ်သည်။ လိမ္မာပါးနပ်သူလည်းဖြစ်သည်။ ကိစ္စတိုင်း အမှားမကျူးလွန်မိစေရန် သတိနှင့်နေထိုင်တတ်သူဖြစ်သည်။ ပါတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှုကို ခံရသူလည်းဖြစ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အား ငယ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။စိတ်ကူးစိတ်သန်း အလွန်ကောင်း၏။ဉာဏ်ပညာထက်မြက်၏။

မိတ်ဆွေ၏ စိတ်ကူး စိတ်သန်းကောင်းမှု၊ဉာဏ်ပညာထက်မှုကြောင့် ဘဝကို ကောင်းကျိုးပေးလိမ့်မည်။ ခံစားချက်ရှိသောကြောင့် ကဗျာဆရာများ၊ စာရေးဆရာများ၊ သီချင်းရေးဆရာများတွေးခေါ်ပညာရှင်များ ဖြစ်တတ်သည်။ စိတ်ပူပန်မှုလည်း အလွန်ကြီးမားသည်။ သေးငယ်ေ သါကိစွကိုပင် ပူပန်တတ်၏။ စိတ်ဓာတ်မတည်ငြိမ်မှုကြောင့် ဆုံးဖြတ်ချက်များ မှားတတ်သည်။ တုံ့ပြန်မှုမြန်ခြင်းကြောင့် အလွဲလွဲအချော်ချော် ဖြစ်တတ်သည်။

ယုံကြည်မိသူ၊ လေးစားမိသူအပေါ် စွဲစွဲလမ်းလမ်းဖြစ်တတ်သည်။ ချစ်ခင်မှု အားကြီးသည်။အစစအရာရာကို သတိနှင့် ပြုလုပ်တတ်၏။ တစ်ဦးတည်း ဦးဆောင်မှုကို မလုပ်ဘဲ တစ်ယောက်ယောက်နှင့်ပူးတွဲပြီး လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ စကားပြောဆိုခြင်းနှင့် စာပေအရေးအသား ကောင်းတတ်သည်။အိမ်တွင်နေခြင်းကို မပျော်ပိုက်ဘဲ အပြင်တွင် အချိန်ဖြုန်းတတ်သည်။ ဘဝတွင် ကံဇာတာကောင်းသူများထဲတွင် ပါသည်။

(၃) ကြွင်း

သင်သည် ၃ ဂဏန်းသမားဖြစ်ပါက အမြဲပင် အလုပ်ရှုပ်နေတတ်သည်။ ရောက်ရှိသောအခြေအနေတွင် ပျော်ပျော်နေတတ်သူဖြစ်၏။ အချိန်ကို အားလပ်ခွင့်မပေးဘဲ တစ်ခုမဟုတ်တစ်ခုကို လုပ်နေတတ်သူဖြစ်သည်။မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သောကိစွများတွင် စိတ်ဝင်စားတတ်သည်။ ဆက်ဆံရေး အလွန်ကောင်းမွန်သည်။ သူတစ်ပါးကို စိတ်ဝင်စားအောင် ပြော နိုင်သူလည်းဖြစ်၏။ စိတ်ကူး စိတ်သန်း အလွန်ကောင်းသည်။ အကင်းပါးသူဖြစ်သောကြောင့် သူတစ်ပါး၏ ခုတုံးလုပ်ခြင်း၊ နှပ်ချခြင်းကို မည်သည့်အခါမှ ခံရမည်မဟုတ်ပေ။

အခွင့်အရေးပိုယူခြင်း၊ သစ္စာဖောက်ခြင်းမျိုးကို မည်သည့်အခါမျှ မလုပ်တတ်။ လုံ့လဝိရိယရှိသူလည်းဖြစ်သည်။ ခပ်တည်တည် နေတတ်သောကြောင့် မိတ်ဆွေနည်းသူလည်းဖြစ်သည်။ နည်းသောမိတ်ဆွေတွေက သစ္စာရှိမည်။မြင့်မားသော ရည်ရွယ်ချက်များ ထားရှိတတ်သူလည်းဖြစ်၏။

မိမိကိုယ်ကို တန်ဖိုးထားတတ်သူ လည်းဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော်လည်း ဝါဝါမြင်တိုင်း ဦးချမည့်သူမဟုတ်ပေ။ လွယ်လွယ်နှင့် မယုံတတ်ပေ။ ယုံပြီဆိုလျှင်လည်း စွဲမြဲတတ်သည်။အခက်အခဲတွေ့ပါက စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ ဖြေရှင်းတတ်သူလည်း ဖြစ်သည်။ မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်လူကောင်းတစ်ဦးဟု ဆိုနိုင်ပေသည်။

(၄) ကြွင်း

သင်သည် ၄ ဂဏန်းသမားဖြစ်ပါက မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမျိုး ရှိတယ်။ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။(၄)ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။ အများအားဖြင့် သိုက်တို့ နတ်တို့ ဘိုးတော်တို့၏ကူညီစောင်ရှောက်မှုခံရတတ်သည်။

(၅) ကြွင်း

သင်သည် ၅ ဂဏန်းသမားဖြစ်နေပါက သည်းခံစိတ် ရှိ ပြီး စိတ် ရှည် သူဖြစ်၏။ တာဝန်နှင့်ဝတ္တရားကို လည်းနားလည်သူဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင် သူ ဖြစ်သည်။ သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိ၏။ စိတ်ဆိုးခဲ၏။

စိတ်ဆိုးလျှင် လည်း တော်တော်နှင့်မပြေတတ်ပေ။မိသားစု၊ သားသမီးအပေါ် သံယောဇဉ် ကြီးသူဖြစ်သည်။ သို့သော် သားသမီးအကျိုးမခံစားရတတ်ပေ ။ သိမ်သိမ်မွေ့မွေ့နေထိုင် တတ် သူဖြစ်သည်။ ကြင် နာ စိတ်ကြီးမားသူ လည်းဖြစ်မည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။

အကြီးအကျယ် မ ကျေ မနပ် ဖြစ် ပါက မည်သူ့မျက်နှာကိုမျှ မ ထောက်ထားဘဲ လုပ်ချင် သလို လုပ်ပစ် တတ်သည်။ မိတ်ဆွေသည် အ ပျော် အပါးကို နှစ်သက်သော်လည်း လုပ် ရ မည့် အလုပ်နှင့် စည်းခြားထားသူ ဖြစ် သည်။ တစ်ခါတစ် ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ် ရံ မိမိ၏အရည် အချင်းထက် လျော့၍ ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင် သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။

(၆) ကြွင်း

သင်သည် ၆ ကြွင်းသမားဖြစ်ပါကသည်းခံစိတ်ရှိပြီး စိတ်ရှည်သူဖြစ်၏။ တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်သူ ဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင်သူဖြစ်သည်။ သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ စိတ်ဆိုးခဲ၏။ စိတ်ဆိုးလျှင်လည်း တော်တော်နှင့် မပြေတတ်ပေ။ မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။

သို့သော် သားသမီးအကျိုးမပေးလှပေ။သိမ်သိမ်မွေ့မွေ့ နေထိုင်တတ်သူဖြစ်သည်။ ကြင်နာစိတ်ကြီးမားသူဖြစ်သည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ် မကျေနပ်မှုဖြစ်ပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ လုပ်ချင်သလို လုပ်ပစ်တတ်သည်။မိတ်ဆွေသည် အပျော်အပါးကို နှစ်သက်သော်လည်း လုပ်ရမည့်အလုပ်နှင့် စည်းခြားထားတတ်သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။

(၇) ကြွင်း

မိတ်ဆွေက ၇ ကြွင်းဂဏန်းဖြစ်နေပါက ဉာဏ်ရည်ဉာဏ်သွေးကောင်းသူဖြစ်သည်။ ထက်လည်း အလွန် ထက်မြတ်သည်။ အရာရာကို မှန်ကန်စွာ တွေးခေါ် ဆုံးဖြတ်တတ်သူဖြစ်မည်။ တစ်ယူသန် ခေါင်းမာတတ်သူလည်းဖြစ်၏။ သူတစ်ပါး၏ထင်မြင်ချက်ကို များစွာ အရေးမထားတတ်သူ လည်းဖြစ်သည်။ စိတ်လှုပ်ရှားမှု လွယ်ကူသော်လည်း ခံစားမှုများစွာ မရှိတတ်ပေ။ မိတ်ဆွေတွင် ကောင်းသော အရည်အချင်းတစ်ခု ရှိနေတတ်သည်။ ထိုအရည်အချင်းမှာ အရာရာကို ဂရုစိုက် လေ့လာတတ်ခြင်းပင်ဖြစ်သည်။

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*