
သူဟာ အိမ်ထောင်မရှိသူ၊ လူပျိုတစ်ယောက်ဖြစ်ပြီး ဒီအဖြစ်ရဲ့နောက်ကွယ်ကအကြောင်းအရင်းကတော့ ဝမ်းနည်းစရာပါ။ Song Bo အမည်ရ တရုတ်အမျိုးသားတစ်ဦးဟာ ပြင်းထန်တဲ့ စိတ်ကျဝေဒနာရောဂါခံစားနေရသူတစ်ဦးဖြစ်ပြီး ဒီစိတ်ကျဝေဒနာရောဂါဟာ သူအပြင်းအထန်ဖျားပြီး နောက်ပိုင်းမှာ စလာခဲ့တာပါ။
ဆရာဝန်တွေဟာ သူ့ကို ကလေးမရနိုင်တော့ဘူး၊ အိမ်ထောင်ပြုလို့အဆက်မပြေဘူးလို့ပြောကြားခဲ့ပြီးနောက် သူ့ဘဝဟာ မျှော်လင့်ချက်မရှိတော့သလို အဆုံးသတ်သွားခဲ့မယ်လို့ ထင်ထားခဲ့တာဟာ Taobao လို့ခေါ်တဲ့ Wrbsite တစ်ခုမှာ အရပ် ၄ပေ ၁ဝသာရှိတဲ့ တကယ့်မိန်းကလေးငယ်ပုံစံအရုပ်တစ်ခု တွေ့ခဲ့တဲ့အချိန်ထိပဲဖြစ်ပါတယ်။
သူဟာ အဆိုပါအရုပ်ကို ဒေါ်လာ ၂၂၀၀ နဲ့ဝယ်ယူခဲ့ပြီး သမီးရင်းတစ်ယောက်လို ဆက်ဆံခဲ့ပါတယ်။ အရုပ်ကလေးကို သူ့ရဲ့သမီးတစ်ယောက်လို ဘယ်ကိုပဲသွားသွား ခေါ်ဆောင်သွားလေ့ရှိပါတယ်။ သူဟာ ဒီအရုပ်ကလေးရလာပြီးနောက် သူ့ရဲ့စိတ်ကျဝေဒနာဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ကင်းလာပြီး အရင်လို ပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်လာခဲ့ပါတယ်။
လူတွေကသူ့ကိုထူးဆန်းသလိုကြည့်နေပေမယ့် သူ့ဘဝဟာ ဒီအရုပ်ကလေးရလာပြီးမှ ပိုပြီးပျော်ဖို့ကောင်းလာတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။
Leave a Reply