အမေရိကားမှာ ရုတ်တရက် ပျောက်သွားပြီးအင်တာနက်မှာ ရေပန်းစားနေတဲ့ ကျောက်သားပြားကြီး ရိုမေးနီးယားမှာ ပြန်ပေါ်လာ

ပြီးခဲ့တဲ့အပတ်က အင်တာနက်မှာ ယူတာ့ပြည်နယ်အတွင်း ရုတ်တရက် ပေါ်လာတဲ့ ကျောက်သားပြားကြီး သတင်း အလွန်ရေပန်းစားနေပါတယ်။ အဲဒီ ပြောင်ပြောင်လက်လက် ကျောက်သားပြားဟာ ယူတာ့ပြည်နယ် သဲကန္တရမှာ ရုတ်ခြည်းပေါ်လာခဲ့တယ်။

နောက် ၅ ရက်အကြာမှာ ကျောက်သားပြားက ပျောက်သွားပြီး ပင်လယ်ဖြတ်ကျော်ကာ မိုင်ပေါင်း ၆,၀၀၀ နီးပါး ဝေးတဲ့ ရိုမေးနီးယားနိုင်ငံမှာ ပြန်ပေါ်လာပါတယ်။


အဲဒီ ကျောက်သားပြားကြီးက စတန်လေကူဘရစ်ရိုက်တဲ့ 2001: A Space Odyssey ရုပ်ရှင်ထဲက ကျောက်သားပြားနဲ့ ဆင်ပါတယ်။ ပထမဆုံး ကျောက်သားပြားကို ရုပ်ရှင်ပရိသတ်တွေ စိုက်ထူထားတယ်ဆိုပြီး ယူဆနေကြပါတယ်။ ကျောက်သားပြားနဲ့ ပတ်သက်တဲ့ နောက်အယူအဆ တစ်ခုကိုတော့ The New York Times ကဖော်ပြခဲ့ပါတယ်။
သေဆုံးသူ ပန်းပုဆရာ ဂျွန်မက်ခရတ်ကန်နဲ့ တွဲဖက်အလုပ်လုပ်သူ တစ်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက ထားရှိခဲ့ပါတယ်။ ဂျွန်ခရတ်ကန်ဟာ အရောင်လက်တဲ့ ကျောက်သားတိုင်တွေ ပြုလုပ်လေ့ရှိသူ ဖြစ်ပြီး သိပ္ပံရုပ်ရှင်တွေ နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ ခရတ်ကန်ရဲ့ အဝန်းအဝိုင်းကတော့ ကျောက်သားတိုင်က သူ့လက်ရာလို့ အတည်မပြုခဲ့ပါဘူး။ ဂျွန်ခရတ်ကန်ဟာ ၂၀၁၁ ခုနှစ်မှာ ဦးနှောက်အကြိတ်ကြောင့် သေဆုံးခဲ့ပြီးနောက် ၅ နှစ် အကြာမှာ ကျောက်သားတိုင်ကို စိုက်ထူခဲ့တယ်လို့ Google Earth လေ့လာသူတစ်ဦးက Vice ကိုပြောခဲ့ပါတယ်။

တကယ်လို့ ခရတ်ကန်က တစ်ယောက်ယောက်ကို ကျောက်သားတိုင် စိုက်ထူဖို့ စီစဉ်ခဲ့ပေမယ့် ရုတ်တရက်ပျောက်ဆုံးမှုကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ရိုမေးနီးယားမှာ ကျောက်သားတိုင် အသစ်တစ်ခု ချက်ချင်းပေါ်လာတာကိုလည်း ရှင်းမပြနိုင်ကြပါဘူး။ Daily Mail ဖော်ပြချက်အရ ရိုမေးနီးယားက ကျောက်သားတိုင်အသစ်ဟာ ရှေးဟောင်း ဒါစီယန်ခံတပ်နဲ့ ပေအနည်းငယ်ပဲ ကွာသလို စီယာလူတောင်ဘက် မျက်နှာမူထားပါတယ်။ ကျောက်သားတိုင် အရှည်က ၁၃ ပေ ရှိပြီး ယူတာ့က ပျောက်သွားတဲ့ ကျောက်သားတိုင်နဲ့ အမြင့်တူပါတယ်။ ဒါပေမဲ့ ရိုမေးနီးယားက ကျောက်သားတိုင်မှာ ခြစ်ရာနဲ့ အရေးအကြောင်းတွေရှိပါတယ်။
ရိုမေးနီးယား Neamt ယဉ်ကျေးမှုနဲ့ အမွေအနှစ်ထိန်းသိမ်းရေး ရိုဆာနာဂျိုဆာနူက “ကျောက်သားတိုင်တစ်ခု ထူးထူးဆန်းဆန်း ပေါ်လာတာကို အဖြေရှာနေပါတယ်။ ဒါက တစ်ဦးတည်းပိုင် ပစ္စည်းဖြစ်ပြီး ဘယ်သူပိုင်လဲ ဆိုတာ မသိသေးပါဘူး။ ရှေးဟောင်းသုတေသန ရှာဖွေရေး ကာကွယ်ရေး ဧရိယာထဲမှာ ရှိပါတယ်။ အဲဒီပစ္စည်းကို လာပြီး နေရာမချခင်မှာ ခွင့်ပြုချက်ယူဖို့ လိုပါတယ်” လို့ Daily Mail ကိုပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*