ကိုဗစ် ကုသမှုခံယူနေရတဲ့မိခင်ကိုစိတ်မချလို့ နေ့စဉ်ဆေးရုံရဲ့အထပ်မြင့်ပုတင်းပေါက်ပေါ်တက်ပြီးထိုင်စောင့်နေတဲ့ အမျိုးသား

Covid-19 ရောဂါကူးစက်မှုခံထားရပြီဆိုရင်တော့ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ ခွဲခွာပြီး ဆေးရုံတွင်ဆေးကုသမှုခံယူကာ ၊ ရောဂါသက်သာပျောက်ကင်းတဲ့အထိ မိသားစုဝင်တွေနဲ့ခွဲနေရမှာပါ ။ ဒီတစ်ခေါက်မှာလည်း အသက် 30 အရွယ်အမျိုးသားဟာ Covid-19 ရောဂါကူးစက်ခံထားရတဲ့မိခင်ဖြစ်သူကို ဆေးရုံက သေချာဂရုစိုက်ပြီးစောင့်ရှောက်ရဲ့လား ၊ မိခင်ဖြစ်သူ သက်သာရဲ့လား စတဲ့စိုးရိမ်စိတ်တွေကြောင့် နေစဉ်ဆေးရုံရဲ့ပုတင်ပေါက်ပေါ်အထိ တက်ပြီး တစ်နေကုန်မိခင်ကို ထိုင်စောင့်ကြည့်နေခဲ့တာပါ ။

အဆိုပါအမျိုးသားရဲ့ ဓာတ်ပုံ နဲ့ Video တွေဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအတော်အများရဲ့ ရင်ကိုလှုပ်ခါသွားစေခဲ့ပါတယ် ။ Palestine ပြည်နယ် Heborn မြို့မှာနေထိုင်တဲ့ Jihad Al-Suwaiti အမည်ရှိတဲ့အမျိုးသားဟာ မိခင်ဖြစ်သူ Rasma Salama နောက်ဆုံးအသက်ထွက်ချိန် July 16 ရက်နေ့အထိ နေ့စဉ်အဆိုပါပုတင်ပေါက်ရဲ့ဘေးမှာ နာရီအတော်ကြာထိုင်နေခဲ့တာပါ ။

ဆေးရုံမှတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ “သူကပိုက်လိုင်းကိုကိုင်စွဲပြီးတက်လာတာပါ ၊ ပုတင်းပေါက်ဘေးမှာထိုင်ပြီး ဒုတိယအထပ်မှာရှိတဲ့ သူ့အမေရဲ့အခြေအနေကို တစ်နေကုန်စောင့်ကြည့်ပြီး မိခင်ဖြစ်သူအိပ်ပျော်သွားတဲ့အချိန်မှ ပြန်ဆင်းတာပါ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ Jihad ရဲ့အကိုဖြစ်သူပြောပြချက်အရ ဆေးရုံဝန်ထမ်းများက အန္တရာယ်များ၍ အဆိုပါလုပ်ရပ်မျိုးမလုပ်ဖို့တားမြစ်ခဲ့ပေမဲ့ Jihad ကခေါင်းမာပြီး နေ့စဉ်ပုတင်းပေါက်ပေါ် တက်ခဲ့တာဖြစ်ကြောင်း နှင့် Jihad ဟာ အငယ်ဆုံး သားဖြစ်တဲ့အပြင် ဖခင်ဖြစ်သူသေဆုံးပြီးကတည်းက မိခင်နဲ့အတော်လေးရင်းရင်းနှီးနှီးရှိနေခဲ့သူဖြစ်ကြောင်း သိရှိရပါတယ် ။

မိခင်ဖြစ်သူဟာ သွေးကင်ဆာရောဂါကိုပါခံစားနေရသူဖြစ်ပြီး ၊ မိခင်ဖြစ်သူသေဆုံးသွားပြီဟု ကြေညာလိုက်ချိန်မှာတော့ Jihad ဟာ အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပြီး မယုံနိုင်အောင်ဖြစ်ခဲ့ပါတယ် ။ အခုအချိန်မှာတော့မယုံကြည်နိုင်လောက်တဲ့ အဆိုပါအဖြစ်ကို Jihad လက်ခံသွားခဲ့ရပါပြီ ။

Be the first to comment

Leave a Reply

Your email address will not be published.


*