“အဆင့် အတန်း” – အငြိမ်းစား ပါမောက္ခချုပ် တစ်ဦး ပြောပြ တဲ့ တစ်ချိန် က ဖြစ်ရပ်မှန်

“အဆင့်အတန်း” – အငြိမ်းစား ပါမောက္ခချုပ်တစ်ဦး ပြောပြတဲ့ တက္ကသို လ်ပုံပြင် (တစ်ချိန်က ဖြစ်ရပ်မှန်)

တစ်ညနေ အဆောင်ဝင်း တံခါးပိတ်ခါနီး ကျောင်းသားတစ်ဦး လန်ခြားစီပြီး ဒရောသော ပါး ဝင်လာတယ်။ လန်ခြားခ နဲ့ပတ်သက်ပြီး ကျောင်းသားနဲ့လန်ခြားသမား အော်ကြီးဟစ်ကျယ်စကားများကြတယ်။ ဘာဖြစ်ကြတာလဲလို့သိချင်စိတ်နဲ့ အခန်းဝကကြည့်တဲ့ကျောင်းသား အခန်းအပြင်ထွက် စူးစမ်းမေးမြန်း တဲ့ကျောင်းသားတွေနဲ့ အဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဖိုးအခရလို့ လန်ခြား သမား ပြန်ထွက်သွားမှ ပွဲကပြီးသွားတယ်။

နောက်တစ်ရက်မှာတော့ အဆောင်နေခွင့် တစ်လ ရုပ်သိမ်းတဲ့ စာတစ်စောင် အဲဒီကျောင်းသား ဆီ ရောက်လာတယ်။ မကြေနပ်တဲ့ကျောင်းသားက အဆောင်မှူးဆီသွားမေးတယ်။

ကျောင်းသား ။ ။ ကျွန်တော့်ကို ဘာဖြစ်လို့ အဆောင်နေခွင့်ရုပ်သိမ်းတာ ပါလဲဆရာ။

အဆောင်မှူး။ ။ စာထဲမှာပါတယ်လေဗျာ။ “တက္ကသိုလ်ကျောင်းသားနဲ့ လျော်ညီစွာမနေတတ်မှု” ။

ကျောင်းသား။ ။ကျွန်တော်မနေ့ညနေက အရက် နည်းနည်း သောက်လာတယ်ဆရာ အဲဒါကြောင့်လား။

အဆောင်မှူး။ ။ ခင်ဗျား အရက်သောက်လာတာ ကျွန်တော်မသိပါဘူး။

ကျောင်းသား။ ။အဲဒါ ဆိုရင် ဆရာ။

အဆောင်မှူး။ ။ ခင်ဗျား နဲ့လန်ခြားသမား ငါးစိမ်းသည်တွေ လို အချင်းများကြတာက ဆိတ်ငြိမ်တဲ့ တက္ကသိုလ်ပတ်ဝန်းကျင်လေးမှာ အနားယူ စာဖတ်နေကြတဲ့ အဆောင်နေကျောင်းသားအများစုကို အနှောင့်အယှက်ဖြစ်လို့။

ကျောင်းသား။ ။ လန်ခြားသမားနဲ့ကိစ္စ ကျွန်တော်မမှားပါဘူး ခင်ဗျ။ တစ်ရူပီးလမ်းကို ညအချိန်မို့ဆိုပြီး နှစ်ရူပီးတောင်းတဲ့ လူပါးဝလူလည်ကျတဲ့ အဲ့ဒီလောဘသားကြောင့် စကားများရတာပါ။

အဆောင်မှူး။ ။ လန်ခြားမငှားခင်ဈေးနှုန်းကို ကြိုမညှိခဲ့ ဘူးလား။

ကျောင်းသား။ ။ မညှိခဲ့မိ ပါဆရာ။

အဆောင်မှူး။ ။ ခင်ဗျားကဘာလဲ။ သူကရောဘာလဲ။

ကျောင်းသား။ ။ ကျွန်တော်က တက္ကသိုလ် ကျောင်းသား၊ သူက လန်ခြားသမားပါခင်ဗျ။

အဆောင်မှူး။ ။ ခင်ဗျားတို့က ဘွဲ့ရပြီး အဖွဲ့အစည်းဌာန တစ်ခုခုမှာ အရာရှိဖြစ်မဲ့ တစ်ချိန် တိုင်းပြည်ခေါင်းဆောင်ဖြစ်နိုင်တဲ့ ပညာတတ်တက္ကသိုလ်ကျောင်းသား။ စာမတတ်ရှာတဲ့ လန်ခြားသမားလိုလူနဲ့တောင် အဆင်ပြေအောင် မဆက်ဆံနိုင်တဲ့အဆင့် စကားများရန်ဖြစ်ရမဲ့အဆင့် မဟုတ်ဘူး။ ခင်ဗျားတို့က ပြဿနာ ဖြေရှင်းရမဲ့သူ ပြဿနာရှာရမဲ့သူမဟုတ်ဘူး။ အပြင်မှာတစ်လနေပြီးရင် အဆောင်ကိုပြန်လာပါ။ ခင်ဗျားအခန်းက ခင်ဗျားကိုကြိုနေပါလိမ့်မယ်။

(အဆိုပါ ကျောင်းသားသည် နောင်တစ်ချိန်တွင် နိုင်ငံတော်အဆင့် အရာထမ်းအကြီးအကဲတစ်ဦး ဖြစ်လာပြီး သူ့ဘဝ သူ့အတွေ့အကြုံ သူ့သင်ခန်းစာကို လက်ဆင့်ကမ်းခဲ့သည်ဟုသိရပါသည်။)

မိဘ၊ သားသမီး၊ ဆရာ၊ တပည့်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ သူဌေး၊ ကုန်သည်၊ စစ်ဗိုလ်၊ စစ်သား လူအများ ကိုယ့်အဆင့်နှင့်ကိုယ် လိုက်လျော်ညီစွာနေ ထိုင်တတ်ကြပါစေ။ (winhlaingoo)

Be the first to comment

Leave a Reply

Your email address will not be published.


*