(၁၀၁) နှစ်အရွယ်အီတလီအဘွားအို ကိုဗစ် ကို သုံးကြိမ်တိုင်ကူးစက်ခံရ သော်လည်း ခံနိုင်ရည်ရှိခဲ့

အီတလီရှိဆရာဝန်များနှင့်သူနာပြုများက စပိန်တုပ်ကွေး၊ ဒုတိယကမ္ဘာစစ်နှင့်ယခုအခါ Covid-19 မှလွတ်မြောက်လာသူ  အသက် ၁၀၁ နှစ်အရွယ် အဘွားအို မာရီယာအော်ဆင်ဟီ၏ ခံနိုင်ရည်ကိုအံ့အားသင့်နေကြပါတယ်။

Orsingher ဟာဖေဖော်ဝါရီလတုန်းကဖြစ်ပွားခဲ့တဲ့အစောပိုင်းကာလတွေမှာ Covid 19 စမ်းသပ်မှု  မှာ  Positive ကိုစတင် တွေ့ရှိခဲ့ပါတယ်။

“ ဖေဖော်ဝါရီလမှာအမေဟာ Sondalo မှာဆေးရုံတက်ခဲ့ရပြီးအဲဒီနောက်သူမကုသပေးခဲ့တဲ့ Sondalo ရှိဆေးရုံရဲ့ဆရာဝန်ကဒီလိုသက်ကြီးရွယ်အိုများကို coronavirus ကနေသက်သာသွားတာတစ်ခါမှမရှိခဲ့ဘူး၊ သူမတစ်ယောက်တည်းအသက်ရှူနေတယ်၊ သူ့မှာအဖျားမရှိဘူး” ဟု အဘွားအို၏ သမီးကာလာ က ပြောပြပါတယ်။

Covid 19 ရောဂါမှ ပြန်လည်လွတ်မြောက်လာပြီးနောက် သူမရဲ့ ၁၀၁ နှစ်မြောက်မွေးနေ့ကိုဇူလိုင်လမှာကျင်းပခဲ့ပါတယ်။

ကံမကောင်းစွာဖြင့် အဘွားအို မာရီယာ သည်စက်တင်ဘာလတွင်အဖျားရောဂါဖြင့်ဆေးရုံတင်ခဲ့ရပြီး ထိုအချိန်တွင်သူမသည်ဒုတိယအကြိမ် Covid 19 ရောဂါလက္ခဏာကို စမ်းသပ်ပြီး ၁၈ ရက်ကြာကုသမှုခံယူခဲ့သည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် သူမ၏ခံနိုင်ရည်ရှိမှုကိုအံ့အားသင့်ခဲ့ကြပြီး ဒေသခံမီဒီယာများအားဆေးရုံတင်ကုသမှုမှာအများအားဖြင့်ကြိုတင်ကာကွယ်မှုဖြစ်သည်ဟုပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော သီတင်းပတ် သောကြာနေ့ကသူမသည် စမ်းသပ်မှုများပြုလုပ်သောအခါတွင်၊ Covid 19 Positive သည်သူမအတွက် နောက်ထပ်တစ်ကြိမ်ဖြစ်ပွားခဲ့ ပြန်သည်။ ‘ အော်ဆင်ဟီ’ သည်ယခုလက်ရှိတွင်လက္ခဏာမပြသောကြောင့်တတိယအကြိမ်မှာအရိပ်အမြွက်ဖြစ်ပုံရသည်။

‘ အော်ဆင်ဟီ’ ဟာအိပ်ရာပေါ်မှာလဲနေတုန်းနားမကြားတဲ့အတွက်သမီးသုံးယောက်နဲ့ ဆက်သွယ်ဖို့ရုန်းကန်နေရပေမယ့်ဒီသံမဏိအမျိုးသမီးနဲ့နောက်တစ်ကြိမ်ပြန်လည်ဆုံဆည်းဖို့မိသားစုကစောင့်မျှော်နေကြပါတယ်။

အီတလီ အဘွားအို  ‘အော်ဆင်ဟီ’ ကို ၁၉၁၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင်အာဒင်နိုမြို့ရှိဂက်ဂျီယိုရွာငယ်လေးတွင်မွေးဖွားခဲ့ပြီး သည်စပိန်တုပ်ကွေးရောဂါနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းလက်ထပ်ခဲ့ပြီး Covid-19 တိုက်ပွဲသုံးခုကိုအံတုနိုင်ခဲ့တယ်။

“ ဆရာဝန်တွေတောင်မှအံ့အားသင့်သွားကြတယ်။ သူတို့၏မိခင်က ကိုးလအတွင်း စမ်းသပ်မှုများတွင် Positive သုံးကြိမ် နှင့် Negative သုံးကြိမ် လက္ခဏာ ပြခဲ့ပါတယ်။” ဟုသူမ၏သမီးများကပြောကြားပါတယ်။

မီလန်ရှိ San Raffaele တက္ကသိုလ်မှတစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာပါမောက္ခ Carlo Signorelli က“ ပြန်လည်ကျန်းမာလာတဲ့လူနာတွေ က   စစ်ဆေးမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ရာမှာ အကြောင်းပြချက်တစ်ခုကြောင့်အချိန်ကြာမြင့်စွာရောဂါကူးစက်တဲ့  (Positive) လက္ခဏာသစ်တစ်ခုပေါ်ပေါက်လာပါတယ်” ဟု  ပါမောက္ခ Carlo ကပြောကြားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*