တစ်တိုက်ထဲမှာနေတဲ့သူတွေကို မကျေနပ်လို့ ရေတိုင်ကီထဲကိုဝင် အီးပါပြီး ဂလဲ့စားချေခဲ့သူ (ရုပ်သံ)

ထိုင်ဝမ်နိုင်ငံ Taichung မှာရှိတဲ့ အဆောက်အဦးတစ်ခုမှ နေထိုင်သူတွေဟာ နေမကောင်းဖြစ်တဲ့သူတွေ များလာသလို နဲ့ အရေပြားဓါတ်မတည့်မှုတွေ ခံစားနေရပြီး ရေရဲ့အနံ့မကောင်းမှုကို သတိပြုမိလာကြတာကြောင့် ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။

ရဲစခန်းက အဆိုပါတိုက်တခုလုံးရဲ့ CCTV တွေကို စစ်ကြည့်တဲ့အခါမှာတော့ အသက်၆၉ နှစ်အရွယ်ရှိတဲ့ Lin ဆိုသူဟာ ပလပ်တစ်အိတ်တလုံးကို ကိုင်ပြီး အများသုံးရေတိုင်ကီရှိတဲ့ တိုက်ခေါင်မိုးထိပ် လှေကားကိုတက်သွားတတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

နောက်ထပ်ဖော်ထုတ်ခဲ့တာကတော့ သူဟာ အဆိုပါရေတိုင်ကီထဲမှာ ရေဝင်ချိုးယုံသာမက သေးပေါက်တာတွေ အီးပါတာတွေကိုပါ ပြုလုပ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာသူ့ရဲ့အိမ်အတွင်း တယ်လီကွန်းကုမ္ပဏီရဲ့ ဆက်သွယ်ရေးပစ္စည်းတွေ

တပ်ဆင်ဖို့အတွက် တစ်လကို ထိုင်ဝမ်ဒေါ်လာ ၁၂၀၀၀ ($38) နဲ့ငှားရမ်းခဲ့ပေမယ့် သူ့ရဲ့အိမ်နီချင်းတွေက ဝိုင်းဝန်းကန့်ကွက်ကြတာကြောင့် ပျက်သွားခဲ့ပါတယ်။

ဒီလိုအိမ်နီးချင်းတွေနဲ့ ပြဿနာတက်ပြီးတဲ့နောက်မှာတော့ သူဟာဂလဲ့စားချေဖို့ ဆုံးဖြတ်ခဲ့ပြီး ဇွန်လ ၂၀၁၇ကနေစပြီး တစ်လကိုတကြိမ် အများသုံးတိုင်ကီထဲမှာ အညစ်အကြေးတွေကို စွန့်ခဲ့တာဖြစ်ပါတယ်။ ရဲတွေက ရေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ အမိုးနီးယားပါဝင်မှုမြင့်မားနေကြောင်း အတည်ပြုခဲ့ပါတယ်။

ယခုလို ရေညစ်ညမ်းမှု မဖြစ်ခင် ၂၀၁၈ ကလည်း သူဟာ အဆောက်အဦးရဲ့ ဓါတ်လှေကားထိန်းချုပ်တဲ့ panal ကို ဖျက်ဆီးခဲ့သလို ရေပိုက်တွေကိုလည်း ဖျက်ဆီးခဲ့တာ သိရပါတယ်။ သူကတရားသူကြီးရဲ့ရှေ့မှာ သေးကိုသောက်သုံးခြင်းဟာ အသက်အန္တရာယ်မရှိကြောင်း စောဒကတက်ခဲ့ပေမယ့် တရားသူကြီးကလက်မခံခဲ့ပါဘူး။ သူ့ကို လပေါင်းနှစ်ဆယ် ထောင်ဒဏ်နဲ့ ငွေ ၁၆၀၀၀၀ ထိုင်ဝမ်ဒေါ်လာ ဒါဏ်ရိုက်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*